နေပြည်တော်  ၂၁   နိုဝင်ဘာ  

ထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်သည့် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲသို့ တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus (VIP Program) သို့တက်ရောက်ရန် နိုဝင်ဘာ ၁၉ ရက် ညပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆက်လက် ထွက်ခွာကြသည်။ 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယမန်နေ့ နံနက်ပိုင်းတွင် ရောက်ရှိကြပြီး ထိုမှတစ်ဆင့် ကွေ့လင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆက်လက်ထွက်ခွာကြသည်။ 

 

a

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့သည် ကွေ့လင်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဒေသစံတော်ချိန်နံနက် ၄ နာရီတွင် ရောက်ရှိကြရာ တောင်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုဌာနချုပ်မှ လက်ထောက် စစ်ဦးစီးအရာရှိ ချုပ် Maj.Gen. Chen Mintian နှင့်တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။  

အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus (VIP Program) ကို ယမန်နေ့နံနက်ပိုင်းတွင် တရုတ်နိုင်ငံ၊ ကွေ့လင်မြို့ရှိ Fenglin Training Field ၌ ပြုလုပ်ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ တပ်မတော်အကြီးအကဲများ၊ ကာကွယ်ရေးဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနား ပြုလုပ်မည့် နေရာသို့ရောက်ရှိရာ သီးသန့်နားနေ ခန်းမတွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ ဝင်နှင့်ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦး စီးချုပ် ဗိုလ်ချုပ်ကြီး Li Zuocheng ၊ လေ့ကျင့်ခန်းပူးတွဲဥက္ကဋ္ဌ၊ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Pornpipat Benyasri တို့နှင့်အတူ နိုင်ငံအသီးသီးမှ တပ်မတော်အကြီးအကဲများနှင့်တွေ့ဆုံ၍ ခင်မင်ရင်းနှီးစွာနှုတ်ဆက်ကြသည်။ 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်နိုင်ငံအသီးသီးမှ တက်ရောက်လာကြသူများသည် အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးလက်တွေ့လေ့ကျင့်ခန်းကို မြို့ပြ အသွင်ဖြင့် ပုံစံတူပြုလုပ်၍ အကြမ်းဖက်မှုနှိမ်နင်းရေး၊ ဓားစာခံများနှင့်ဒဏ်ရာရ လူနာ များအား ကယ်ဆယ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု၊ အုပ်ချုပ်ထောက်ပံ့မှု၊ အချိန် ကိုက်ဆောင်ရွက်နိုင်မှုနှင့် ဆက်သွယ်မှုစနစ် ကောင်းမွန်မှုတို့ဖြင့် လက်တွေ့လေ့ကျင့် သရုပ်ပြသနေမှုများကို ကြည့်ရှုအားပေးကြသည်။

လက်တွေ့လေ့ကျင့် သရုပ်ပြသမှု အပြီးတွင် Counter Terrorism Task Force Headquarters နှင့် Counter Terrorism Task Group Headquarters များသို့ သွားရောက် လေလာ့ကြည့်ရှု၍ သက်ဆိုင်ရာနိုင်ငံအသီးသီးမှ ကိုယ်စားလှယ်အဖွဲ့များ အား ရင်းရင်းနှီးနှီးလိုက်လံနှုတ် ဆက်ကြသည်။
 
ညပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အကြမ်း ဖက်မှုတန်ပြန်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus (VIP Program) သို့ တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များနှင့်အတူ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ်က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ကြသည်။ 

အဆိုပါ အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus (VIP Program)ကို တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့မှ ပူးတွဲဥက္ကဋ္ဌအဖြစ် ကျင်းပပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ကိုယ်စားလှယ် များဖြင့် လေ့ကျင့်ခန်းများကို ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ မြန်မာတပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့ဝင်များလည်း ပါဝင် လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၊ ဗဟိုစစ်ကော် မရှင်အဖွဲ့ဝင်နှင့်ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Li Zuocheng နှင့်အဖွဲ့ဝင်များအား ကွေ့ လင်မြို့၊ Lijiang Waterfall Hotel အစည်း အဝေးခန်းမ၌ တွေ့ဆုံသည်။ 

တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် မဟာဗျူဟာ မိတ်ဖက်နိုင်ငံ များဖြစ်ပြီး ညီရင်းအကိုစိတ်ဓာတ်ဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ အကြမ်းဖက်မှု နှိမ်နင်းရေးသည် ကမ္ဘာလုံး ဆိုင်ရာ ခြိမ်းခြောက်မှုဖြစ်ပြီး နိုင်ငံတစ်ခုတည်းအနေဖြင့် ဖြေရှင်းရန် လွန်စွာခက်ခဲကာ ကမ္ဘာ့နိုင်ငံအားလုံး လက်တွဲညီညီဖြင့် ပူးပေါင်းဆောင်ရွက် ကြရန် လိုအပ်သည့် အခြေ အနေအပေါ် သုံးသပ်ရှုမြင်မှုနှင့် ၂၀၂၀-၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံမှ အကြမ်းဖက် မှုတန်ပြန်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus (VIP Program) ပူးတွဲ ဥက္ကဋ္ဌအဖြစ် တာဝန်လွှဲပြောင်းရယူရမည်ဖြစ်ပြီး အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး တရုတ်တပ်မတော်က ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်း ဒေသတည်ငြိမ် အေးချမ်းရေးအတွက် လက်တွေ့ကျကျ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေတို့ကို ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

(သတင်းစဉ်)