နေပြည်တော် ဇန်နဝါရီ ၂၇

 

တနင်္သာရီ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ၊ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့နယ် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များလိုက်ပါလာသည့် တပ်မတော်ပင်လယ် သွားဆေးရုံရေယာဉ် (သံလွင်) သည် ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် ကော့သောင်းမြို့ ဇာဒက်ကြီးကျွန်းရှိ ဓမ္မိကာရာမတပ်ဦး ကျောင်း ဆလုံဘိုးဘွားရိပ်သာ၌ အခြေပြု၍ ဇာဒက်ကြီးကျွန်းနှင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၉၈ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၃၃ ဦး၊ ခွဲစိတ်ရောဂါ ၁၁ ဦး၊ သားဖွား/မီးယပ်ရောဂါ ငါးဦး၊ ကလေးရောဂါ ငါးဦး၊ အရိုးရောဂါ ရှစ်ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ငါးဦး၊ မျက်စိရောဂါ ၁၃ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် ဓာတ်မှန်ရိုက်လူနာ ရှစ်ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာကိုးဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာလေးဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာနှစ်ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

 

ထိုသို့ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲ ကြားသိခဲ့ရပါသည်-

 

“ရောဂါတစ်ခုခု ဖြစ်ပြီဆိုလို့ရှိရင် သွားရလာရတာ အဆင်မပြေပါဘူး။ လှေဆိုတာလည်းရှိမှ သွားရတယ်။ လှေတောင်မှပဲ အခက်အခဲရှိပါတယ်။ ဒါပေမယ့်အခုလိုမျိုးလာပြီး ကုသပေးတဲ့ အတွက်ကိုလည်း အလွန်လည်းကျေးဇူးတင်ပါတယ်။ သမီးတို့အတွက်ကတော့ အလွန်ကို ပျော်လည်း ပျော်ပါတယ်။ ပီတိလည်းဖြစ်ပါတယ်။ အခက်အခဲတွေအားလုံးထဲမှာ အခုလိုမျိုးလာပြီး ကုသပေးတဲ့အတွက်ကိုလည်း အလွန်ကျေးဇူးတင်ပါ တယ်။”

 

“ကလေးရဲ့ အနေအထား မှန်တယ်လို့လည်း ပြောပါတယ်။ ဒီမှာပြရတာလည်း အဆင်ပြေပါတယ်။ သမီးတို့အနေနဲ့ ကော့သောင်း တစ်ခါတက်ဖို့အရေးကလည်း မလွယ်ပါဘူး။ အခုလို ဆေးသင်္ဘော လာရောက်ကုသပေးတဲ့အတွက် သမီးတို့အနေနဲ့ အကုန်လုံးအဆင်ပြေသွားပါတယ်။ OG ဆရာမက တော်တော်စိတ်ရှည်ပါတယ်။ ကလေးအနေအထားတွေ အကုန်လုံးရှင်းပြပါတယ်။ နောက်နှစ်တွေတိုင်းလည်း လာနိုင်ပါစေလို့ ဆုတောင်းပါ တယ်။”

 

သတင်းစဉ်