နေပြည်တော်၊ ဖေ ၂၁

တပ်မတော် (ရေ) မှ ဓညဝတီ ရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထူး ဦးဆောင်သော စစ်ရေယာဉ် (ဆင်ဖြူရှင်) သည် အိန္ဒိယနိုင်ငံ Visakhapatnam မြို့၌ကျင်းပမည့် ဒေသတွင်းရေတပ်များ တွေ့ဆုံပွဲ (MILAN-2022) သို့တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ အမှတ် (၃) ရေတပ်ဆိပ်ခံတံတား (သီလဝါ) မှထွက်ခွာရာ အလယ်ပိုင်း ရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ်ထိန်ဝင်း နှင့် တပ်မတော် (ရေ) မှ အရာရှိ၊ စစ်သည် မိသားစုများက ပို့ဆောင်နှုတ်ဆက်ကြသည်။

ဒေသတွင်း ရေတပ်များတွေ့ဆုံပွဲ (MILAN-2022) ကို အိန္ဒိယနိုင်ငံ Visakha-patnam မြို့တွင် ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ဩစတြေးလျ၊ အမေရိကန်၊ ဗြိတိန်၊ တောင်ကိုရီးယား၊ ဂျပန်၊ ပြင်သစ်နှင့် ဆေးရှဲလ် စုစုပေါင်း (၁၆) နိုင်ငံမှ စစ်ရေယာဉ် ၂၄ စီး တက်ရောက်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

သတင်းစဉ်