နေပြည်တော် ၄ မေ
သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ဧပြီ ၂၈ ရက်က နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ မြို့နယ် ၈၂ မြို့နယ်ရှိ နေရာ ၁၆၃ နေရာများတွင် မီးသတ်ယာဉ်များ၊ မီးသတ်ပစ္စည်းကိရိယာများဖြင့် ဆောင်ရွက်ခဲ့ရာ ပိုးသတ်ဆေးရည် ၁၂၀၂.၈ ဂါလန်၊ ရေ ၇၂၁၆၈ ဂါလန် သုံးစွဲခဲ့ပြီး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်


