နေပြည်တော် မေ ၂၈

 

ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းသူများ၊ သင်တန်းနည်းပြများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက သင်တန်းဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သင်တန်းသူများအတွက် သင်တန်းသုံးအထောက်အကူပြု ပစ္စည်းများပေးအပ်ရာ သင်တန်းသူများက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက သင်တန်းသုံး အထောက်အကူပြုပစ္စည်းများကို လိုက်လံကြည့်ရှုကြသည်။

 

အဆိုပါ သင်တန်းကို တပ်မတော်သား မိသားစုဝင် သင်တန်းသူ ၂၀ ဖြင့် ဇူလိုင် ၁၁ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်