နေပြည်တော် ၃ ဖေဖော်ဝါရီ

ဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာနှင့် သိန်းတန်ကျေးရွာ၌ ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည်။

သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာအတွင်းသို့ ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် AA အဖွဲ့က လက်နက်ကြီးဖြင့် ကစ်ခတ်ဖြင်းကြောင့် ရွာသားနှစ်ဦးသေဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ လည်းကောင်း၊ သိန်းတန်ကျေးရွာရှိ အမျိုးသမီးများအား အကြမ်းဖက်မှုကျူးလွန်ရန် လုပ်ဆောင်ခဲ့ပြီး ကျေးရွာအား ခြိမ်းခြောက်ခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်၍ လည်းကောင်း သက်သေအထောက်အထား ဗီဒီယိုမှတ်တမ်းများ၊ဓာတ်ပုံများ၊ ဖြစ်စဉ်နေရာပြမြေပုံများဖြင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် သတင်းဌာနအသီးသီးတို့က သိရှိလိုသည်များကို မေးမြန်းရာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည်ရှင်းလင်းဖြေကြားသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပသတင်းဌာနများမှ သတင်းထောက်များ တက်ရောက်သတင်းရယူခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်