နေပြည်တော် ၁၈ ဇန်နဝါရီ
တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ ကျင်းပသည်။
သတင်းစာရှင်းလင်းပွဲ၌ တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက AA သောင်းကျန်သူအဖွဲ့အား စစ်ဆင်ရေးဆောင်ရွက်နေမှုကို လည်းကောင်း၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသည့် သတင်းမီဒီယာများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
(သတင်းစဉ်)