မောင်စာဂ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ယင်းမဟာဗျူဟာစီမံကိန်းတွင် မဟာဗျူဟာရည်မှန်းချက်များ သတ်မှတ်ထားရှိသည်။ မဟာဗျူဟာရည်မှန်းချက်၅.၃ သည် တရားရုံးက အငြင်းပွားမှုများကို ထိရောက်မြန်ဆန်စွာ ဖြေရှင်းပေးသောစနစ်များကို သတ်မှတ်ဆောင်ရွက်ရန်ဟူ၍ ဖော်ပြထားသည်။ ဤရည်မှန်းချက်အရ တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေး (Court-Led Mediation in Civil Suits) မူတစ်ရပ်ကို သတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တွေ့ရှိရသည်။ စိတ်ဝင်စားဖွယ်ကောင်းသည်။ သဘောကျနှစ်ခြိုက်မိသည်။ လေ့လာမိသမျှ အနှစ်ချုပ်မျှဝေပါရစေ။
စေ့စပ်ဖြေရှင်းရေးဆိုသည်မှာ
တရားမမှုများတွင် တရားရုံးကဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေးဆိုသည်မှာ တရားမမှုတစ်ခုကိုတရားရုံး၌ စွဲဆိုပြီးနောက် အမှုသည်တို့၏ သဘောဆန ́အလျောက်ဖြစ်စေ၊ သတ်မှတ်ချက်အရဖြစ်စေ အမှုကို မစစ်ဆေးမီကာလအတွင်း တာဝန်ပေးအပ်ခြင်းခံရသည့် စေ့စပ်ဖြေရှင်းရေးအရာရှိက အမှုသည်များအကြား အမှန်တကယ်အငြင်းပွားလျက်ရှိသော အကြောင်းအရာကို ဖော်ထုတ်၍ နှစ်ဖက်လက်ခံကျေနပ်နိုင်သည့် သဘောတူညီချက်ရရှိစေရန် ဆောင်ရွက်ပေးခြင်းဖြစ်သည်။
စေ့စပ်ဖြေရှင်းရေးအရာရှိဆိုသည်မှာ
စေ့စပ်ဖြေရှင်းရေးအရာရှိဆိုသည်မှာ စေ့စပ်ဖြေရှင်းရေးကို ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းခံရသူကိုဆိုသည်။ စေ့စပ်ဖြေရှင်းရေးအရာရှိအဖြစ် ဆောင်ရွက်သူသည် အမှုစစ်တရားသူကြီးမဟုတ်သည့် တရားသူကြီး သို့မဟုတ် တရားရေးဝန်ထမ်းသာဖြစ်သည်။
သဘောတူညီချက်ရရှိခဲ့သော်စေ့စပ်ဖြေရှင်းမှုပြုလုပ်ပေးခြင်းဖြင့် နှစ်ဖက်လက်ခံကျေနပ်နိုင်သည့် သဘောတူညီချက်ရရှိခဲ့သော် ယင်းသဘောတူညီချက်ကို အခြေပြု၍ ဥပဒေအရ စည်းနှောင်မှုရှိသော တရားရုံးဒီကရီ သို့မဟုတ် အမိန့်ကိုလျှောက်ထားရယူနိုင်မည်ဖြစ်သည်။
သဘောတူညီချက်ရရှိခဲ့သော်
စေ့စပ်ဖြေရှင်းမှုပြုလုပ်ပေးခြင်းဖြင့် နှစ်ဖက်လက်ခံကျေနပ်နိုင်သည့် သဘောတူညီချက်ရရှိခဲ့သော် ယင်းသဘောတူညီချက်ကို အခြေပြု၍ ဥပဒေအရ စည်းနှောင်မှုရှိသော တရားရုံးဒီကရီ သို့မဟုတ် အမိန့်ကိုလျှောက်ထားရယူနိုင်မည်ဖြစ်သည်။
အခကြေးငွေပေးသွင်းရန်လိုမလို
စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်မှုပြုမည်ဆိုလျှင်ထိုသို့ဆောင်ရွက်မှုပြုခြင်းအတွက် တရားရုံးသို့ အခကြေးငွေတစ်စုံတစ်ရာ ထ ပ်မံပေးသွင်းရန် လိုအပ်မည်မဟုတ်ပါ။ တရားရုံးသည် တရားရုံး၏ လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့်သာ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
အမျိုးအစားခွဲခြားသတ်မှတ်ထားရှိခြင်း
စေ့စပ်ဖြေရှင်းရေးဆောင်ရွက်ရာ တွင် စေ့စပ်ဖြေရှင်းရန်သတ်မှတ်ထားသော တရားမမှုများဟူ၍လည်းကောင်း၊ မိမိသဘောဆန ́အလျောက် စေ့စပ်ဖြေရှင်းနိုင်သည့် တရားမမှုများဟူ၍လည်းကောင်း အမျိုးအစားနှစ်မျိုး ခွဲခြားသတ်မှတ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ထို့ပြင် စေ့စပ်ဖြေရှင်းရေးလုပ်ငန်းကို ဆောင်ရွက်မည့် ရုံးခန်းသည်လည်း တရားစစ်ဆေးစီရင်မှုပြုသည့်ရုံးခန်းနှင့်မတူညီဘဲ သီးခြားစီဆောင်ရွက်သွားမည်ဖြစ်သည
ရှေ့နေများ၏အခန်းကဏ္ဍ
စေ့စပ်ဖြေရှင်းရေးဆောင်ရွက်ခြင်းဖြင့် သက်ဆိုင်ရာရှေ့နေများ၏ အခန်းကဏ္ဍ လျော့ပါးသွားမည်မဟုတ်ပါ။ စေ့စပ်ဖြေရှင်းရေးဆောင်ရွက်နေစဉ်မှာပင် သက်ဆိုင်ရာရှေ့နေကြီးများအနေဖြင့် မိမိတို့အမှုသည်၏ ကောင်းရာကောင်းကျိုးအတွက် ပါဝင်ဆောင်ရွက်ခွင့်ရရှိကြမည်ဖြစ်သည်။ ယင်းအခွင့်အရေးကို ပိတ်ပင်ကန့်သတ်သွားမည်မဟုတ်ပါ
လုပ်ငန်းအစီအစဉ်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်ထားသော ဒုတိယနှစ်မဟာဗျူဟာလုပ်ငန်းအစီအစဉ်(၂၀၁၉) တွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ ဆောင်ရွက်ရန်အချက်ငါးချက်ကို ဤသို့ဖော်ပြထားသည်-
(က) တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို ရှေ့ပြေးအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် တိုးတက်မှုကို အကဲဖြတ်ခြင်း၊
(ခ) တရားရုံးများတွင် တရားရုံးကဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေးအတွက် ဒီဇိုင်းရေးဆွဲခြင်း၊
(ဂ) စေ့စပ်ဖြေရှင်းသူများအား သင်တန်းပေးခြင်း၊
(ဃ) တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးကို အကောင်အထည်ဖော်ရာ တွင် အထောက်အကူဖြစ်စေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများကျင်းပခြင်း၊
( င) တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆိုင်ရာ အ သိပညာများကို အများပြည်သူသို့ဖြန့်ဝေခြင်း။
မှတ်တိုင်သစ်စိုက်ထူကြစို့
ဤဆောင်းပါး၏နိဒါန်းတွင် ဤသို့ တရားရုံးက ဦးဆောင်၍ပြုလုပ်မည့် စေ့စပ်ဆွေးနွေးရေးလုပ်ငန်းစဉ်ကို စာရေးသူက သဘောကျနှစ်ခြိုက်မိကြောင်း ဖော်ပြခဲ့သည်။ ဘာကြောင့် သဘောကျနှစ်ခြိုက်ရပါ သနည်း။ ပြောပြပါရစေ။ ငယ်စဉ်ကတည်းကကြားခဲ့ဖူးသည်။ အများလည်း ကြားခဲ့ဖူးကြပါလိမ့်မည်။ သားဖြစ်သူက ရှေ့နေစာမေးပွဲအောင်မြင်၍ ရှေ့နေဖြစ်လာသည့်အခါ ဖခင်ရှေ့နေလိုက်ပါဆောင်ရွက်ခဲ့သော တရားမမှုကို သားဖြစ်သူရှေ့နေက ဆက်လက်လိုက်ပါဆောင်ရွက်ပေးခဲ့သည်။ အမှုမှာ အချိန်တိုအတောအတွင်းမှာ ပြီးပြတ်သွားသည်။ သားဖြစ်သူက ဂုဏ်ယူ၍ သူ၏ဖခင်ကိုပြောသည်မှာ ဒီအမှုကို ရှေ့နေအဖြစ်နဲ့အဖေလိုက်ပါဆောင်ရွက်ခဲ့တာ နှစ်တွေ၊ နှစ်တွေအကြာကြီးကြာခဲ့တယ်၊ အခုသားက အချိန်တိုအတောအတွင်းမှာ ပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ပြောတော့၊ ဖခင်ဖြစ်သူက သားရယ် ဒီအမှုနဲ့ပဲ သားကိုအဖေကျောင်းထားပေးလာခဲ့တာ၊ အခု သားရှေ့နေတစ်ဦးတောင် ဖြစ်လာနိုင်ပြီပေါ့တဲ့
ဤသည်မှာ ယုံတမ်းစကား၊ ပုံပြင်ပေလားဟူ၍ ထင်ကောင်းထင်စရာရှိသည်။ သို့သော် အမှန်တကယ်လက်တွေ့တွင်လည်း တရားမမှုတွေ ဆယ်နှစ်ဆယ်မိုးကြာတတ်သည်။ ဆယ်ငါးနှစ်ကျော်ကြာသည့်အမှုတွေတွေ့ဖူးသည်။ အမွေပုံကုန်မှ အမှုပြီးဆုံးသည်ဟုပြောစမှတ်ပြုကြသည်။ ဆွေမျိုးသားချင်းမိတ်ဆွေတွေတရားမမှုကိစ္စ လာရောက်အကြံတောင်းလျှင် သာသည်နာသည် ထည့်စဉ်းစားမနေနဲ့၊ ပြီးပြတ်အောင်သာဆောင်ရွက်ကြ၊ တရားရုံးအရောက်မခံကြနဲ့ဟု ရှင်းလင်းပြောပြရသည်များ မကြာခဏကြုံခဲ့ရသည်
ရှေးမြန်မာမင်းများလက်ထက်က အမှုကိစ္စများဖြစ်လာလျှင် လေးစားရသော ဂုဏ်သရေရှိ လူကြီးများရှေ့မှောက် ညှိနှိုင်းကြ၍ ကျေအေးပြီးပြတ်ကြသည်။ ပျော်ပျော်ရွှင်ရွှင်နှင့် လက်ဖက်စားကျေနပ်ကြသည့်ထုံးတမ်းစဉ်လာရှိခဲ့သည်။ အင်္ဂလိပ်လက်အောက်တွင်ပျောက်ကွယ်သွားခဲ့ကြရသည်။ အင်္ဂလိပ်က ပြဋ္ဌာန်းပေးခဲ့သော တရားမကျင့်ထုံးဥပဒေကြီးက လွှမ်းမိုးခဲ့သည်။ ရှုပ်ထွေး၍ အမှုများ ကြန့်ကြာမှုဖြစ်ရသည်။ ကြန့်ကြာအောင်လည်း လိုသလို ဆွဲနိုင်ဆန့်နိုင်သည်။ အင်္ဂလိပ်လက်အောက်တွင်ရောက်ရှိခဲ့သော အချို့သောနိုင်ငံများသည် ဤတရားမကျင့်ထုံးဥပဒေကြီးကို ပြင်ဆင်၍ကျင့်သုံးနေကြသည်။ မြန်မာနိုင်ငံတွင် ပြင်ဆင်ခြင်း မပြုနိုင်ခဲ့ကြ။ ပြင်ဆင်ခြင်း မပြုနိုင်သည့်အပြင်ဤတရားမကျင့်ထုံးဥပဒေကြီးကို အထင်ကြီးသည်။ အလေးထားတွယ်တာနေကြသည်။ မည်သူပြင်နိုင်ပါမည်နည်းဟု၍ပင် ပြောဆိုတတ်ကြသည်။ ဤကျင့်ထုံးဥပဒေကြီးကြောင့် မနစ်နာသင့်သောအမှုသည်တွေငွေကြေးမတတ်နိုင်၍ နစ်နာဆုံးရှုံးမှုများ ဖြစ်ခဲ့ရသည်။ ဤဥပဒေကြီး မပြင်နိုင်သေးသရွေ့ ထိုသို့သော နစ်နာဆုံးရှုံးမှုတွေ ဆက်လက်ရှိနေပေဦးမည်။ ထို့ကြောင့်တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးနည်းစနစ်ကို စာရေးသူ သဘောကျနှစ်ခြိုက်မိခြင်းဖြစ်သည်။ မြန်မာနိုင်ငံတရားစီရင်ရေးသမိုင်း၏ မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်တော့မည်ဟု ယုံကြည်မိသည်။ အမြန်အကောင်အထည်ဖော်နိုင်ပါစေ။ စိတ်ကောင်းစေတနာထား ဆောင်ရွက်ကြခြင်းဖြင့် အောင်မြင်မှုတွေ ရရှိကြပါစေဟု ဆုတောင်းနေမိသည်
အကြံပြုပါရစေ
အကြံပြုစရာတွေ များစွာရှိနေသော်လည်း အဓိက ချက်သုံးချက်ကို အကြံပြုလိုသည်။ အချို့သော ဥပဒေပညာရှင်များက ဤစနစ်ကို အကောင်အထည်ဖော်မည်ဆိုလျှင် မည်သည့်ဥပဒေ၊ မည်သည့်ပြဋ္ဌာန်းချက်က ခွင့်ပြုချက်ပေးထားပါသနည်း။ မေးခွန်းထုတ်ကြသည်။ ဤသည်မှာ မှားသည်ဟု ဆိုနိုင်မည်မဟုတ်ပါ။ သို့ဖြစ်၍ ဥပဒေသဘော ခိုင်မာစေချင်သည်။ ရေရှည်တည်တံ့နေစေချင်သည်။ ထို့ကြောင့် ဤစနစ်၊ ဤမူကို ပြည်ထောင်စုတရားစီရင်ရေးဥပဒေ၏ တရားစီရင်ရေးဆိုင်ရာ အခြေခံမူ ၇ ချက်တွင် နောက်ထပ်အခြေခံမူတစ်ရပ်အဖြစ်ထပ်မံထည့်သွင်း ပြဋ္ဌာန်းပေးစေလိုသည်။
လုပ်ထုံးလုပ်နည်းတွင် နှစ်ဖက်အမှုသည်များက ၎င်းတို့သဘောတူညီကြသည့် ဂုဏ်သိက္ခာ သမာဓိနှင့်ပြည့်စုံသော တရားဥပဒေကျွမ်းကျင်သူပုဂ္ဂိုလ်ကိုစေ့စပ်ဖြေရှင်းရာတွင် ပါဝင်စေလိုကြောင်း ဆန ́ပြုခဲ့သော် စေ့စပ်ဖြေရှင်းရေးအရာရှိ၏ ကြီးကြပ်မှုဖြင့် ပါဝင်ဆောင်ရွက်ခွင့်ပြုနိုင်ကြောင်း ထည့်သွင်းရေးဆွဲပေးစေလိုသည်
စေ့စပ်ဖြေရှင်းရေးဆောင်ရွက်ပြီးသည့်အခါ နှစ်ဖက်အမှုသည်များ သဘောတူညီချက်ရရှိခဲ့သော် မြန်မာတို့၏ ရှေးထုံးစဉ်လာ လက်ဖက်ပွဲဖြင့် တည်ခင်းစားသောက်ကြကာ ချစ်ခင်မှု၊ လေးစားမှု၊ ငြိမ်းချမ်းကျေအေးမှု ထူထောင်ကြစေလိုကြောင်းပါဗျာ။
- တရားစီရင်ရေးမှတ်တိုင်သစ် စိုက်ထူနိုင်ကြပါစေ၊
- စိတ်ကောင်းစေတနာမွန်ဖြင့် ဆောင်ရွက်နိုင်ကြပါစေ၊
- မြန်မာတို့၏ တရားစီရင်ရေးရေးရာ ရှေးထုံးစဉ်လာ ပြန်လည်ရှင်သန်နိုင်ပါစေ။
ကိုးကားချက် -
(၁)ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏တရားစီရင်(၁) ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း(၂၀၁၈-၂၀၂၂)နှင့်ဒုတိယရေးမဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) နှင့် ဒုတိယနှစ်မဟာဗျူဟာလုပ်ငန်းအစီအစဉ်(၂၀၁၉)၊နှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၁၉)၊(၂)ဒေါက်တာသိမ့်သိမ့်ထွေး၏တရားမမှုများတွင်(၂) ဒေါက်တာသိမ့်သိမ့်ထွေး၏ တရားမမှုများတွင်တရားရုံးကဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေးဆောင်းပါးတရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆောင်းပါး [တရားရေးဂျာနယ်၊အတွဲ(၃)၊အမှတ်(ဂ)၊ဖေဖော်ဝါရီ[တရားရေးဂျာနယ်၊ အတွဲ (၃)၊ အမှတ် (ဂ)၊ ဖေဖော်ဝါရီလ၊၂၀၁၉စာမျက်နှာ၁၃၀]။လ၊ ၂၀၁၉ စာမျက်နှာ ၁