နေပြည်တော် အောက်တိုဘာ ၄
တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၄) တွင် စတုတ္ထအကြိမ် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့် က အမှာစကား ပြောကြားသည်။ ယင်းနောက် အထက်တန်းရှေ့နေ (၂၆၁) ဦးကို တရားလွှတ်တော် ရှေ့နေအသိအမှတ်ပြုလက်မှတ်များ ပေးအပ်သည်။
ထို့နောက် တရားလွှတ်တော်ရှေ့နေ အသိအမှတ် ပြုလက်မှတ်ရရှိသူများက ကတိသစ္စာ ပြုကြသည်။
အခမ်းအနားသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ထုံး/ စစ်ဆေးရေး)၊ ရှေ့နေရှေ့ရပ်ဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်