နေပြည်တော် ၂၀ ဇန်နဝါရီ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမြင့်အောင်နှင့် ဦးခင်မောင်ကြည်တို့ ပါဝင်သည့် အပြီးသတ် ကြားနာဆုံးဖြတ်ရေး အဖွဲ့သည် ယနေ့ နံနက် ၉ နာရီခွဲက ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်း အမှတ် (၁) ၌ ရုံးထိုင်ပြီး တရားမအထွေထွေလျှောက်ထားမှု (စာချွန်တော်) (၅)မှုကို စီရင် ချက်ချမှတ်သည်။ ထို့ပြင် တရားမအထွေထွေလျှောက်ထားမှု (စာချွန်တော်) (၅) မှုကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)