နေပြည်တော် ဇန်နဝါရီ ၂၂

 

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးမောင်၊ ဒေါ်ခင်မေရီ၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေး တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ တရားမ အထူးအယူခံမှုအမှတ် ၄၇/၂၀၂၂ (မကွေး)၊ ၁၀/၂၀၂(တနင်္သာရီ)၊ ၂၅/၂၀၂(ကချင်)၊ ၂၆/၂၀၂(မန္တလေး) စုစုပေါင်း တရားမ အထူးအယူခံမှု လေးမှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်