နေပြည်တော်  ၁၀  ဇွန်


ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ အားလုံးပါဝင်သော စုံညီခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ တရားမ အထူးအယူခံမှု (၆)မှုကို စီရင်ချက် ချမှတ်သည်။ ထို့ပြင် ရာဇဝတ် အထူးအယူခံမှု (၃)မှုနှင့် တရားမ အထူးအယူခံမှု(၃)မှုကို ကြားနာခဲ့ကြောင်း သိရသည်။


(သတင်းစဉ်)