နေပြည်တော် ၂၁  ဇန်နဝါရီ 


ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးအောင်ဇော်သိန်းနှင့် ဦးမျိုးတင့် တို့ပါဝင်သည့် အပြီးသတ်ကြားနာဆုံးဖြတ်ရေးအဖွဲ့သည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁)၌ ရုံးထိုင်၍ တရားမအထွေထွေလျှောက်ထားမှု (စာချွန်တော်)(၁၁) မှုကို စီရင်ချက် ချမှတ်သည်။ ထို့ပြင် ရာဇဝတ်အထွေထွေလျှောက်ထားမှု (စာချွန်တော်)(၁)မှုနှင့် တရားမအထွေထွေလျှောက်ထားမှု (စာချွန်တော်)(၅) မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။


(သတင်းစဉ်)