နေပြည်တော် ဇွန် ၂၇

             

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော  ဦးအောင်ဇော်သိန်း၊ ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့တို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှု အမှတ် ၃၇/၂၀၂၀ (ဧရာဝတီ)၊ ၄၂/၂၀၂၀ (ရန်ကုန်)နှင့် ၁၉/၂၀၂၁ (ရန်ကုန်) စုစုပေါင်း တရားမအထူးအယူခံမှု (၃)မှုတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ  ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်