တရားမအထူးအယူခံမှု (၄)မှု စီရင်ချက်ချမှတ်၊ ရာဇဝတ်အထူးအယူခံမှု  (၂ ) မှုနှင့် တရားမအထူးအယူခံမှု (၃)မှု ရုံးထိုင်ကြားနာ

နေပြည်တော်    ဒီဇင်ဘာ    ၆

             

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော  ဦးမျိုးတင့်၊ ဦးကြည်သိန်း၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ တို့ ပါဝင် သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော် ချုပ်၊ ရုံးခန်းအမှတ် (၁)၌  ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၃/၂၀၂၀ (မန္တလေး)၊ ၆/၂၀၂၀ (မန္တလေး)၊ ၉/၂၀၂၀ (ကရင်)၊ နှင့် ၁၂/၂၀၂၀(ရန်ကုန်) ၊ စုစုပေါင်း တရားမအထူး အယူခံမှု (၄)  မှုကို စီရင်ချက်ချမှတ်သည်။

           

ထို့ပြင် ရာဇဝတ်အထူးအယူခံမှု အမှတ် ၅/၂၀၂၁ (မွန်) နှင့် ၆/၂၀၂၁ (တနင်္သာရီ)၊ တရားမအထူးအယူခံမှုအမှတ် ၁၃ / ၂၀၂၀  (ဧရာဝတီ)၊ ၂၂/၂၀၂၀ (ရန်ကုန်) နှင့် ၂၄/၂၀၂၀  (ပဲခူး)၊ စုစုပေါင်း  ရာဇဝတ်အထူးအယူခံမှု  (၂ ) မှု နှင့် တရားမအထူးအယူခံမှု ( ၃ ) မှု ကို ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ  ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)