နေပြည်တော် ၁၇ ဖေဖော်ဝါရီ
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ အားလုံးပါဝင်သော စုံညီခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးခန်း အမှတ်(၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှု(၄)မှုကို စီရင်ချက် ချမှတ် သည်။ ထို့ပြင် တရားမအထူးအယူခံမှု(၆)မှုကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


