နေပြည်တော် ဇန်နဝါရီ ၂၄
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးတင့်၊ ဦးမျိုးမောင်၊ ဦးခင်မောင်ကြီး၊ ဒေါ်ခင်မေရီ တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရား လွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၄/၂၀၂၀ (မကွေး)၊ ၁၆/၂၀၂၀ (မန္တလေး) ၊ ၂၀/၂၀၂၀ (မန္တလေး) ၊ ၂၁/၂၀၂၀ (မွန်) နှင့် ၂၃/၂၀၂၀ (ရှမ်း)၊ စုစုပေါင်း တရားမ အထူးအယူခံမှု (၅) မှုတို့ကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် ရာဇဝတ် အထူးအယူခံမှုအမှတ် ၄ / ၂၀၂၁ ( တနင်္သာရီ ) ၊ တရားမ အထူးအယူခံမှုအမှတ် ၃၂/ ၂၀၂၀ (ရန်ကုန်)၊ ၃၃/၂၀၂၀ (မန္တလေး)၊ ၃၄/၂၀၂၀ (မန္တလေး) နှင့် ၄၀/၂၀၂၀ (မကွေး) ၊ စုစုပေါင်း ရာဇဝတ် အထူးအယူခံမှု ( ၁ ) မှု နှင့် တရားမ အထူးအယူခံမှု ( ၄ ) မှု တို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


