နေပြည်တော် ၂၃ စက်တင်ဘာ
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအားလုံး ပါဝင်သော စုံညီခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁)၌ ရုံးထိုင်၍ တရားမ အထူးအယူခံမှု (၅)မှုကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှု (၅)မှုကို ကြားနာခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


