နေပြည်တော် ၂၂ ဇွန်

 

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးအောင်ဇော်သိန်း၊ ဦးမျိုးဝင်း တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်း အမှတ်(၁)၌ တရားမအထူးအယူခံမှု(၆)မှုနှင့် တရားမအထွေထွေလျှောက်ထားမှု (စာချွန်တော်) (၂)မှု တို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှု (၈)မှုကို ရုံးထိုင် ကြားနာခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)