နေပြည်တော် ၁၃ ဇူလိုင်

 

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးတင့်၊ ဦးစိုးနိုင် တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်း အမှတ်(၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှု (၈) မှုကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် ရာဇဝတ် အထူးအယူခံမှု (၄) မှုနှင့် တရားမအထူးအယူခံမှု (၁) မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)