နေပြည်တော်၊ ဇန်နဝါရီ ၁၆
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး၊ အကောက်ခွန်ဦးစီးဌာနမှ ဦးဆောင်၍ ညောင်ခါးရှည်နှင့် ဒိုက်ဦး အကြား ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ လမ်းမိုင်တိုင် (၁၉/၆) မိုင်ခန့်တွင် (Toyota Hiace) ခရီးသည်တင်ယာဉ် (၂) စီးပေါ်မှ စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသော FUFENG အမှတ်တံဆိပ် အချိုမှုန့် (၂၅) ကီလိုဂရမ် အထုပ် (၃၀) ၊ LIPO Vitan-D (၇၅) ဖာ၊ Lactasoy ဖာ (၈၀) နှင့် Sue Sat အမှတ်တံဆိပ် ဆပ်ပြာမှုန့်(၂၉) ဖာ၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၃၈၅,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်
