တရားမဝင်  စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်းနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်၊ မတ် ၃၁

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၂၈ ရက်၊ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေး စခန်း၌ ကုန်သေတ္တာ(၃)လုံးအတွင်းမှ ပို့ကုန်ကြေညာလွှာ(ED)တွင် ကြေညာထားခြင်းမရှိသည့်  အဝတ်အထည် (၂,၆၀ဝ) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,ဝ၉၂,ဝ၀ဝ)၊ Valid for Prior Arrival (VPA) (၆၁)ရက်ကျော်လွန်နေသည့် ရှူးဖိနပ်(၁၅,၁၅၆)ရန်နှင့် လျှပ်စစ်မီးသွယ်တန်းရာတွင် အသုံးပြုသည့် Tower Stub Member (၂၀၃၅၆ ဒသမ ၈၄) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀,၅၈၀,၇၉၁)ကို လည်းကောင်း၊ ထီးတန်းဆိပ်ကမ်းကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၅)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသည့် Remote Control Toys Car (၃၇၂) ခု၊ Sponge (၁၉၀ဝ) ကီလိုဂရမ် ၊ အထည်အလိပ် (၂,ဝ၀ဝ) ကီလိုဂရမ်၊ Iron Spring (၉,ဝ၀ဝ) ကီလိုဂရမ်၊ Abrasive Paper Sheet (၂၄,၃၆၀)ကီလိုဂရမ် အပါအဝင်ကုန်ပစ္စည်း (၈)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈,၁၁၀,ဝ၀ဝ)ကို လည်းကောင်း၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ သွင်းကုန်လိုင်စင်လိုအပ် သည့် RCBO 100mA Breaker (၄၀)ဖာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၁,၂၁၀)၊ ခရီးသည်ဝန်စည်များ အတွင်းမှ တရားဝင် စာရွက်စာ တမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Shuang XI တံဆိပ်ပါ စီးကရက်များ၊ မိုဘိုင်းလ်ဖုန်း (အဟောင်း) (၈)လုံး အပါအဝင် ကုန်ပစ္စည်း(၇)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃,၆၅၀,ဝ၀ဝ) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၃,၇၉၄,ဝ၀၁)ကို သိမ်းဆည်း ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

၎င်းအပြင် မတ် ၂၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် (၁၆) မိုင်ကျောက်ချောစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်‌ဆေးမှုများဆောင်ရွက်ခဲ့ရာ မန္တလေးမြို့မှ မူဆယ်မြို့သို့ မောင်းနှင်လာသော  မော်တော်ယာဉ် (၁)စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့်  လုပ်ငန်းသုံးပစ္စည်းများနှင့် မီးဖိုချောင်သုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၂၆၀,ဝ၀ဝ)၊  အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Nissan Diesel အမျိုးအစား  Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀ဝ,ဝ၀ဝ,ဝ၀ဝ)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၉,၂၆၀,ဝ၀ဝ)ကို ဖမ်းဆီးရမိ ခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့က သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြောက်ဥက္ကလာပမြို့နယ်၊ မေဒါဝီလမ်းမကြီး၊ DENKO ဆီဆိုင်အနီးနှင့် သုဓမ္မာလမ်းမကြီး၊ ခြောက်ကွေ့မီးပွိုင့်အနီးတို့တွင် တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Singha Beer (၄၄)ဖာ ၊ အချိုရည်(၃၄၁)ဖာ အပါအဝင် ကုန်ပစ္စည်း (၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၅၈၄,၄၀ဝ)ကို   သိမ်းဆည်း ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ မတ် ၂၈ ရက်၊ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၂၇၉,၆၃၈,၄၀၁)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

(သတင်းစဉ်)