နေပြည်တော် အောက်တိုဘာ ၁၄

 

တရားမဝင်ကုန်သွယ်မှုတို က်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ

အောက်တိုဘာ ၁၃ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဘားအံမြို့၊ ကမော့ကစင် ကျေးရွာအနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Borouge ကော်စေ့ (၁၀၂၅၀) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် 24,600,000) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃0,000,000)ကိုလည်းကောင်း၊ သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ လိုင်စင်မဲ့ Suzuki V-50 (Used) မော်တော်ဆိုင်ကယ်တစ်စီး အပါအဝင် ကုန်ပစ္စည်း သုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၆,၁၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အ‌ရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ အောက်တိုဘာ ၁၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့၊ ရွှေသံလွင် တိုးဂိတ်အနီး၌ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီး ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Gaysorn ဟင်းသီး ဟင်းရွက်ဆီ လီတာ (၄၀၀) အပါအဝင် ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၁၃၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Scania Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄,၁၃၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အ‌ရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထပ်မံ၍ အောက်တိုဘာ ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က တာမွေမြို့နယ်အတွင်းရှိ ဘေထုပ် ရောင်းဝယ်ရေးဆိုင်များကို စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မအေး ဘေထုပ်ရောင်းဝယ်‌ရေး ဆိုင်မှ စက်မှုကုန်ကြမ်းဘေထုပ် (၂၀၃) ထုပ် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၆၀၀,၀၀၀) ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အ‌ရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ အောက်တိုဘာ ၁၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ မူဆယ်-မန္တလေး ကားလမ်း၊ မိုင်တိုင်အမှတ် (၂၄) မိုင် (၃) ဖာလုံ၌ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထား သည်ထက် ပိုမို ပါရှိလာသည့် TV Stand အခု (၈၀) ၊ စက်မှုကုန်ကြမ်း (ဘေထုပ်) ကီလိုဂရမ် (၉၀၀၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၁,၆၂၇,၉၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁,၀၀၀,၀၀၀) ကိုလည်းကောင်း၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ အမှတ်-၄၈၂ ရှိ ဂိုဒေါင်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Leo Beer (၅၃၅၂)ဘူး၊ Dutch Mill ဒိန်ချဉ် (၂၇၆၅) လီတာ၊ Yum Yum ‌ခေါက်ဆွဲခြောက် ကီလိုဂရမ် (၃၄၂၀) အပါအဝင် ကုန်ပစ္စည်း (၉)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂,၉၂၀,၄၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၅,၅၄၈,၃၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အ‌ရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ အောက်တိုဘာ ၁၃ ရက်နေ့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂) မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၆၃,၃၇၈,၃၀၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

 

သတင်းစဉ်