မတ္တရာ  ၉  ဖေဖော်ဝါရီ 

 

ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ပန်းယျကျေးရွာ ဈေးတန်းတွင် ဖေဖော်ဝါရီ ၅ ရက်နေ့က တရားမဝင် ဆင်ဆာမဲ့ခွေများ ရောင်းချနေကြောင်း သတင်းအရ မတ္တရာမြို့မရဲစခန်းမှ ရဲတပ်ကြပ် နေသွေး နှင့် သက်သေ ဗီဒီယိုအခြေခံအဖွဲ့မှ တာဝန်ရှိသူများ၊ ကျေးရွာတာဝန်ခံများနှင့် သွားရောက် စစ်ဆေးခဲ့ရာ ဒေါ်မိုးမိုး၏ ဈေးဆိုင်ခန်းတွင် တရားမဝင်ဆင်ဆာမဲ့ နိုင်ငံခြားဗီဒီယို ဇာတ်လမ်းတွဲခွေ (ကဒ်ရှည်)(၁၇၀)ခွေ၊ (ကဒ်တို)(၈၀) ခွေအား တွေ့ရှိခဲ့သဖြင့် မတ္တရာမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)