တရားမဝင် ကျောက်စိမ်း၊ သစ်မျိုးစုံ၊ သစ်တောထွက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်၊ မတ် ၂၇

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ  အလုံမြို့နယ်၊ အေးရှားဝေါလ်ဆိပ်ကမ်း အတွင်း၌ တရားမဝင် ကြိမ်ထည်ပစ္စည်း၊ ကျွန်းပရိဘောဂပစ္စည်း (အဟောင်း) (၁၁)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ်  ၇၃၃,၄၅၆) နှင့် ပေ ၄၀ အရှည်ရှိ ကုန်သေတ္တာ တစ်လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၇၃၃,၄၅၆) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် တပ်မတော် ဦး‌ဆောင်သော ပူးပေါင်းအဖွဲ့က မန္တလေး - လားရှိုး - မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ အိုရီယမ်တယ်စစ်ဆေးရေးဂိတ်တွင် မန္တလေးဘက်မှ သိန္နှီဘက်သို့ မောင်းနှင်လာသော  မော်တော်ယာဉ်တစ်စီးပေါ်၌ ကျောက်စိမ်းဟု ယူဆရသော အကြမ်းတုံးနှင့်  အချောထည်မျိုးစုံတို့အား စစ်‌ဆေးတွေ့ရှိရ၍ လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ လွှဲပြောင်းအပ်နှံ၍ စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ   တရားမဝင် ကျောက်စိမ်းဟု ယူဆရသော  ကျောက်တုံးဆိုဒ်စုံ (၁၁၇ ) ကီလိုဂရမ် အပါအဝင် ပစ္စည်း ခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၃,၈၇၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာ သည့်  Toyota Caldina Van အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀) ၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၈,၈၇၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

၎င်းအပြင် မတ် ၂၄ ရက်တွင်  ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်ခရိုင် တရားမဝင်ကုန်စည် တားဆီးထိန်းချုပ်ရေးအဖွဲ့က မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ စွမ်စော်(၄)လမ်းအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ရပ်တန့်ထားသော မော်တော်ယာယာဉ် တစ်စီးအား  ရှောင်တခင် သွားရောက်စိစစ်၍ မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံး၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Mini Projector (၁၂) လုံး အပါအဝင်  ကုန်ပစ္စည်း (၇၆) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆,၀၇၇,၈၉၅)၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ ထောက်ခံချက်မပါရှိသော တရုတ်နိုင်ငံထုတ် မုန့်မျိုးစုံ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၁,၂၇၃,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dongfeng အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၇,၃၅၀,၈၉၅) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်နှင့်အညီ အရေးယူဆောင်ရွက်  လျက်ရှိသည်။

 

 

 

အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်း စစ်ဆေး‌ရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ‌ ဆောင်ရွက်ခဲ့ရာ မတ် ၂၄ ရက်တွင် ကျိုက်ထိုမြို့မှ ပဲခူးမြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်  အသင့်စားကြာဇံထုပ် (၁၀) ဖာ အပါအဝင် ကုန်ပစ္စည်း (၂) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်  ၄,၀၅၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သည့် Toyota Hilux အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ မတ် ၂၅ ရက်တွင် မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်တစ်စီးပေါ်၌ သွင်းကုန် ကြေညာလွှာ (ID) တွင် ကြေညာထားခြင်း မရှိသည့် Gas Cartridge Butane (၃၀၀၀) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ်  ၃,၉၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀) ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂,၉၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ‌ဆောင်ရွက်လျက်ရှိသည်။

 

 

ထို့ပြင် မတ် ၂၆ ရက်တွင်  ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်‌ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း တရားမဝင် ကျွန်းသစ်၊ သစ်မာနှင့် အခြားသစ်မျိုးစုံ (၂၆ ဒသမ ၇၈၄၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၈၂၀,၀၇၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

 

သို့ဖြစ်ပါ၍ မတ်  ၂၃ ရက်၊ ၂၄ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၀,၇၂၄,၄၂၁) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးဦးဆောင်ကော်မတီမှ သိရသည်။

 

သတင်းစဉ်