နေပြည်တော် မတ် ၁၄
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ မတ် ၈ ရက်နှင့် ၉ ရက်တို့တွင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၁၀)လုံးအတွင်းမှ ပို့ကုန်ကြေညာလွှာ(ED)တွင် ကြေညာထားသည်နှင့် ကွဲလွဲပါရှိလာသော ဝဥခြောက်ခြမ်း (၁၆၀,၇၂၀)ကီလိုဂရမ်၊ Industrial Fan (အဟောင်း) (၅)လုံး အပါအဝင် ကုန်ပစ္စည်း(၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃,၇၃၄,၉၄၀)၊ Valid for Prior Arrival(VPA) (၆၁)ရက်ကျော်လွန်သော Toilet Paper မျိုးစုံ (၇,၃၀၀) ကီလိုဂရမ်၊ Schindler Lift (၁)စုံ၊ Recker Cover Seal (၄၆၇ ဒသမ ၈၀) ကီလိုဂရမ်၊ Mattress Materials (၂၆၅)ခု၊ မော်တော်ကားတာယာ (၄၀)လုံး၊ Multivitamin Tablets (၁၈,၂၂၀)ဗူးအပါအဝင် ကုန်ပစ္စည်း(၁၈)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၇၇,၆၂၂,၉၉၇)၊ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသော ကြွေပြားချပ်များ၊ PVC Sculpture (၁,၂၀၀)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း (၃)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁,၉၈၇,၂၃၂)ကို လည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ် (သွင်းကုန်)၌ Valid for Prior Arrival(VPA) (၇၄)ရက် ကျော်လွန်သော Food Supplement, Pregnancy Supplement (၂၃၂.၇) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀,၀၈၀,၂၈၅)ကိုလည်းကောင်း၊ မတ် ၁၀ ရက်တွင် မြန်မာစက်မှု ဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသော Solar Light (၂၀၀)လုံး အပါအဝင် ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၉၅၇,၅၀၀)ကိုလည်းကောင်း၊ ထီးတန်းဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေး ရေးစခန်း၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသော ပြန်လည် ပြုပြင် ထားသည့် Cold Rolling Crushing Assemble (၁)ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၃၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၈,၆၈၂,၉၅၄)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မတ် ၁၀ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြဝတီခရိုင် တရားမဝင်ကုန်သွယ်မှု တားဆီး/ထိန်းချုပ်ရေးအဖွဲ့က မြဝတီ မြို့နယ်အတွင်းရှိ ဂိုဒေါင်များအား ရှောင်တခင် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အမှတ်(၆/၆၆)၊ ဗိုလ်ချစ်သူလမ်း၊ အမှတ်(၆)ရပ်ကွက်ရှိ ဂိုဒေါင် (၁)လုံးအတွင်းမှ တင်သွင်းခွင့် ပိတ်ပင်တားမြစ်ထား သည့် Commando တံဆိပ်ပါ အားဖြည့်အချိုရည် (၄၀၀)ဖာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၈၄၀,၀၀၀)ကို လည်းကောင်း၊ နတ်သျှင်နောင်လမ်းနှင့် လှိုင်ထိပ်ခေါင်တင်လမ်းကြား၊ အမှတ်(၄) ရပ်ကွက်ရှိ ဂိုဒေါင် (၁)လုံးအတွင်းမှ စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Honda Dio Cesta 50 CC အမျိုးအစား မော်တော်ဆိုင်ကယ် (အဟောင်း) (၅)စီး အပါအဝင် ပစ္စည်း (၃)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅,၆၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၄၄၀,၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရှမ်းပြည်နယ်၊ ရေပူအမြဲတမ်းစစ်ဆေးရေး စခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မတ် ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် မူဆယ်ကုန်သွယ်ရေးဇုန်မှ မန္တလေးမြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်(၃)စီးပေါ်မှ သွင်းကုန် ကြေညာလွှာ (ID)တွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် Steel Food Carrier (၁၃၀၀) ကီလိုဂရမ်၊ Steel Pot (၆၀၀)ကီလိုဂရမ်၊ Water Tap (၁၅)ဖာ အပါအဝင် ကုန်ပစ္စည်း (၇)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၄၆၁,၁၃၁)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ မတ် ၁၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မန္တလေးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံး ဦးဆောင်သော ပူးပေါင်းအဖွဲ့က မန္တလေး- ပြင်ဦးလွင်ကားလမ်း မိုင်တိုင်အမှတ်(၂၁)မိုင်အနီး၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် Electronic Scale (ပေါင်ချိန်စက်) (၂၀)ခု အပါအဝင် ကုန်ပစ္စည်း(၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၆၃၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Caravan Delivery Van (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၆၃၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ရတနာပုံပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ကိုင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင် လိုင်စင်ဆောင်ထားခြင်း မရှိသည့် MT86H Ling Gong Truck အမျိုးအစား (၁၀)ဘီးပါ မြေသယ်ယာဉ်(၁၀)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၀၀,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မတ် ၁၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်ခရိုင် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သူရဲတန်းကြိုးဝိုင်းအတွင်း တရားမဝင် ကျွန်းသစ် (၂၀ ဒသမ ၉၈၁၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၈၄၇,၈၅၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မတ် ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်၊ ၁၁ ရက်နှင့် ၁၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ( ၃၁)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၃၆၂,၀၆၁,၉၄၁) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်