နေပြည်တော် မတ် ၁၀
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် မတ် ၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် (၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်းမှ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေး-လားရှိုးလမ်းပိုင်း၊ မိုင်တိုင်အမှတ် (၅၂) မိုင် (၂) ဖာလုံ၊ ဝက်ဝံကျေးရွာအနီး၌ ရပ်တန့်ထားသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိသော သံပိုက် (၇၀၀၀) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၅၇၈,၄၅၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော NISSAN DIESEL (၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)ကို လည်းကောင်း၊ မန္တလေး-လားရှိုးလမ်းပိုင်း၊ မိုင်တိုင်အမှတ် (၂၂) မိုင်အနီး၌ ရပ်တန့်ထားသည့် မော်တော်ယာဉ်(၄)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက်ပိုမိုပါရှိလာသော Iron Sheet (၂၉၀၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉,၆၈၂,၁၅၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော Mitsubishi Fuso (၁)စီး၊ ISUZU GIGA (၁)စီး၊ NISSAN DIESEL (၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀,၀၀၀,၀၀၀)ကို လည်းကောင်း၊ ပြင်ဦးလွင်မြို့ရှောင်လမ်း၊ ကျွဲနွားထောက်ရွာ၊ စကားဝါ (၇)လမ်း၌ ရပ်တန့်ထားသည့် မော်တော်ယာဉ်(၆)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော Iron Pipe (၄၄,၂၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၄၈၁,၀၇၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော HINO PROFIA (၄)စီး၊ NISSAN DIESEL (၁)စီး၊ ISUZU GIGA(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ (၁၆)မိုင်ကျောက်ချောစစ်ဆေးရေးစခန်း၌ ချင်းရွှေဟော်မှ မန္တလေးမြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ် (၃)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက်ပိုမိုပါရှိလာသော သံပိုက်(၂၂၁၀၀) ကီလိုဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၂၄၀,၅၃၅)နှင့် အဆိုပါပစ္စည်းများတင်ဆောင်သော ISUZU GIGA (၁)စီး၊ MITSUBISHI FUSO (၁)စီး၊ HINO PROFIA(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၄,၉၈၂,၂၀၅)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၇ ရက်တွင် မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက်ပိုမိုပါရှိလာသော Multivita Plus Sugar Coated Tablets(၁၈၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၉၈၀,၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်သော Dagon Tawwin Truck(၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ မတ် ၈ ရက်တွင် မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသော Instant Rice Vermicelli (၂၅)ဖာနှင့် ၁၂၅ မီလီလီတာပါ Lactasoy (၁၂၅)ဖာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်သော Yutong Bus(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆,၄၈၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မတ် ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြို့နယ်သစ်တောဦးစီးဌာန အသီးသီးအလိုက် ဦးဆောင်သော ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးမြို့နယ်၊ ဖြူးမြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ လက်ပံတန်း မြို့နယ်နှင့် ရေတာရှည်မြို့နယ်များအတွင်း တရားမဝင်ကျွန်းသစ်(၃၉.၁၇၄၈)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၈,၇၈၉,၉၂၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိပါသည်။
ထို့အပြင် မတ် ၉ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သံလွင်တံတား(ဘားအံ)စုပေါင်းစစ်ဆေး ရေးဂိတ်၌ တာဝန်ကျပူးပေါင်းအဖွဲ့က မော်တော်ယာဉ်(၁) စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် mds ဟင်းသီးဟင်းရွက်ဆီ(၁၄၂၂)လီတာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၅၅,၀၀၀)နှင့် အဆိုပါစားသုံးဆီများတင်ဆောင်သော Toyota Hiace(၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ကော့ကရိတ်(တံတားကျိုး) စုပေါင်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် CAMEL ဆိုင်ကယ်တာယာ (၁၂၅)လုံး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၁၂၅,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၆၈၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော ကြွေပြားချပ်များ(၅၉၀)ဖာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၆၁၉,၅၅၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော HINO PROFIA (၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၈,၆၁၉,၅၅၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မတ်လ ၇ ရက်၊ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၄၂) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၃၈,၅၅၁,၆၇၉) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်