နေပြည်တော် ဖေဖော်ဝါရီ ၂

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဖေဖော်ဝါရီ ၁ ရက်တွင် ညောင်ခါးရှည် စစ်ဆေးရေးစခန်း၌ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အင်ဂျင်ဝိုင်ဘူးများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၄၀,၀၀၀) ကို အကောက်ခွန်ဥပဒေအရ လည်းကောင်း၊ ယနေ့တွင် တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ တောင်ငူခရိုင် သစ်တောကြိုးဝိုင်းအတွင်း တရားမဝင်ကျွန်းသစ် (၁၁ ဒသမ ၄၁၃၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၃၂၄,၅၂၀) ကို သစ်တော ဥပဒေအရ လည်းကောင်း ၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၇၆၄,၅၂၀) ကို ဖမ်းဆီး အရေးယူဆောင် ရွက်လျက်ရှိသည်။

အလားတူ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်းကင်းမြို့နယ်တွင် (လိုင်စင်မဲ့) NEW ASIA 125 ဆိုင်ကယ် တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၀,၀၀၀) နှင့် စစ်ကိုင်းမြို့နယ်တွင် (လိုင်စင်မဲ့) HONDA CRV  ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၅၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ပါ၍ ဖေဖော်ဝါရီ ၁ ရက်နှင့် ၂ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ သုံးမှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၃၁၄,၅၂၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။ 

သတင်းစဉ်