နေပြည်တော် မေ ၁၁
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာမေ ၉ ရက်တွင် ကရင်ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက် ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန် ကြေညာလွှာတွင် ကြေညာ ထားခြင်းမရှိသည့် PVC Flooring Sheet လုံး (၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၂၅၀,၀၀၀)ကိုလည်းကောင်း၊ မြဝတီ-ဘားအံ-ရန်ကုန်လမ်းကြောင်းအတိုင်း မောင်းနှင် လာသည့် မော်တော်ယာဉ် (၁)စီးအား အမှတ်(၂)လမ်းဆုံအနီး၌ စိစစ်၍ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးဌာနခွဲသို့ ခေါ်ယူစစ်ဆေးခဲ့ရာ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာ ပါရှိလာသည့် Sailun ကားတာယာအသစ် လုံး (၇၆) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၁၄၁,၉၈၈)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Nissan Diesel မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုး ၃၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄,၃၉၁,၉၈၈)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထပ်မံ၍ မေ ၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန် အဖွဲ့က ထီးတန်းဆိပ်ကမ်း၌ ကုန်သေတ္တာ (၁)လုံးအတွင်းမှ သွင်းကုန်လိုင်စင်မရရှိ မီဆိပ်ကမ်းသို့ ကြိုတင်ရောက်ရှိနေသော ရက် (၆၁)ရက်ထက် ကျော်လွန်သော Window Automotive Glass ခု (၇၃၉၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၅,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မေ ၉ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ထားဝယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် ဦးဆောင်သော ပူးပေါင်းအဖွဲ့မှ ထားဝယ်မြို့၊ အနောက်မြို့တွင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းအနီး၌ မော်တော်ယာဉ် (၁)စီးအားရပ်တန့်စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် ထိုင်းနိုင်ငံထုတ် ပုဇွန်နှစ်ကောင် စားသုံးဆီ ဖာ (၂၃၀) (ခန့်မှန်းတန်ဖိုးငွေကျပ်၆,၂၀၀,၀၀၀)နှင့်အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Toyota Dyna Truck မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ်၂၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁,၂၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ် နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မေ ၉ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၆)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၀,၅၉၁,၉၈၈)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်