၁၈  ဇူလိုင်

တရားမဝင် နယ်စပ်ဖြတ်ကျော်တဲ့ အန္တရာယ်ကို အားလုံးဝိုင်းပြီး ကာကွယ်တားဆီးပေးဖို့ လိုပါတယ်။ တိတ်တခိုး ဝင်လာသူတွေက quarantine မဝင်ကြဘူး။ ရောဂါပိုးရှိနေရင် အခြားသူများစွာကို ကူးစက်သွားနိုင်ပါတယ်။ Contact tracing ထိတွေ့မှုကြောင့် ရောဂါကူးသွားနိုင်ဖွယ် ရှိသူများကို စုံစမ်းရှာဖွေ quarantine သွင်းရတဲ့ အလုပ်ဟာ နိုင်ငံအတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်ပါတယ်။ ပြည်သူတွေ အန္တရာယ်ကင်းစေဖို့ မဖြစ်မနေ ထမ်းရတဲ့ဝန်ပါ။ တရားမဝင် ဝင်လာသူများ၊ ထို့ကဲ့သို့ ဝင်လာခြင်းကို သိလျက်နဲ့၊ လက်သင့်ခံသူများ၊ ဖုံးကွယ်ထားသူများကို ဥပဒေအရ တင်းကျပ်စွာအရေးယူပါမယ်။ ဒီလိုအများအတွက် အန္တရာယ်ရှိတဲ့ လုပ်ရပ်မျိုး အကြောင်းသိလျှင် ရပ်ကျေးအုပ်ချုပ်ရေးကို အမြန်ဆုံးအသိပေးပါ။ ဒီလိုအသိပေးတာ တစ်ပါးသူကို ချောက်တွန်းရာ မရောက်ပါဘူး။ အပြစ်မဲ့ အများသူငါ ရောဂါချောက်ထဲမကျအောင် ကာကွယ်ပေးတာ ဖြစ်ပါတယ်။

(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၁၃-၆-၂၀၂၀ ရက်နေ့တွင် ဖေ့စ်ဘွတ်၌ ရေးသားဖော်ပြချက်မှ ကောက်နုတ်ချက်)