နေပြည်တော်၊ စက်တင်ဘာ ၂၅

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာစက်တင်ဘာ ၂၁ ရက်တို့တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့၊ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရမိရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြောက်ဒဂုံမြို့နယ်၊ ဗန္ဓုလလမ်းမကြီးပေါ်၌ လိုင်စင်မဲ့ Daihatsu Mira မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် စက်တင်ဘာ ၂၁ ရက်တွင် နေပြည်တော်ကောင်စီ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေး မြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း လမ်းဘေးတစ်နေရာ၌ ရပ်တန့်ထားသော လိုင်စင်မဲ့ Dream Kenbo 110 မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀,၀၀၀) ကိုလည်းကောင်း၊ သာဝတ္ထိမြို့၊ တောင်စဉ်အေး ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ရေနီမြို့မှ နေပြည်တော်သို့ မောင်းနှင်လာသော လိုင်စင်မဲ့ Toyota Alphard မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၇၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

mdn

 

၎င်းအပြင် စက်တင်ဘာ ၂၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ် (၂၃) မိုင် (၄) ဖာလုံ၌ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် High Speed မီးစက်ဒီဇယ်အင်ဂျင် နှစ်လုံး၊ PVC Film (၉၆၀) ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း (၁၃) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၅,၁၂၅,၇၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၁,၁၂၅,၇၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် စက်တင်ဘာ ၂၂ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ချောက်မြို့၊ ချောက်-ဂွေးချိုကားလမ်း၌ ဆီသယ်ယာဉ်တစ်စီးပေါ်မှ ရေနံစိမ်း (၂၀၀၀) ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀)၊ အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Nissan L6 ဆီဘောက်ဆာ တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၀,၀၀၀,၀၀၀)၊ Redmi 10 C  ဖုန်း တစ်လုံးနှင့် Infinix ဖုန်း တစ်လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀,၀၀၀) ကို ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေအရလည်းကောင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်နယ်မြေ ရဲစခန်းအနီး၌ လိုင်စင်မဲ့ SURF မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၀၀၀,၀၀၀)ကို ပို့ကုန် သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၈,၄၅၀,၀၀၀)ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

 

mdn

 

ထို့အပြင် စက်တင်ဘာ ၂၂ ရက်တွင် ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လားရှိုးမြို့၊ တန့်ယန်းလမ်းခွဲအနီး၌ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Ball Bearing (၆၇၀) ခု အပါအဝင် ကုန်ပစ္စည်း (၁၈) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၉၅၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Mini Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁,၉၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ စက်တင်ဘာ ၂၂ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့၊ ကမော့ကစင် ကျေးရွာအနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Midea Air Conditioner (၅၈)စုံနှင့် Lipovitan–D အားဖြည့်အချိုရည် ပုလင်း (၁၀၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၄၃၀,၀၀၀)၊ အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Isuzu Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇,၄၃၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် စက်တင်ဘာ ၂၃ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ကော့ဗမာကျေးရွာအုပ်စု၊ ကြပ်မီးကျေးရွာ၌ တရားမဝင် သတ္တု တူးဖော်ရာတွင် အသုံးပြုသည့် Chang Chi အင်ဂျင် (၂၃) လုံး၊ ဒီဇယ် ဂါလန်  (၂၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈,၅၆၀,၀၀၀)ကို လည်းကောင်း၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ကော့ဗမာကျေးရွာအုပ်စု၊ အာရုဏ်ဦးကျေးရွာ၌ တရားမဝင် သတ္တုတူးဖော်ရာတွင် အသုံးပြုထားသည့် CAT ဘက်ဟိုးတစ်စီးနှင့် DOOSAN ဘက်ဟိုး နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၈,၅၆၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သတ္တုတွင်းဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ စက်တင်ဘာ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၆)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၁၆,၂၁၅,၇၀၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။ 

သတင်းစဉ်