နေပြည်တော် နိုဝင်ဘာ ၁၃
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ (၁၆)မိုင်ကျောက်ချောစစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်(၁)စီးပေါ်၌ တရားမဝင် ကျွန်းခွဲသားဆိုဒ်စုံ(၀.၉၃၄)တန် ခန့်မှန်း တန်ဖိုးငွေကျပ် ၁,၀၂၇,၄၀၀ နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Isuzu Light Truck အမျိုးအစား မော်တော်ယာဉ်(၁)စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,ဝဝဝ,ဝဝ၀ ကို သစ်တောဥပဒေအရ လည်းကောင်း၊ နိုဝင်ဘာ ၁၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပြင်ဦးလွင်-မန္တလေးလမ်း၊ မိုင်တိုင်အမှတ်(၂၂)မိုင် (၃)ဖာလုံနှင့် မိုင်တိုင်အမှတ် (၂၁)မိုင် (၁)ဖာလုံ တို့တွင် မော်တော်ယာဉ်(၂)စီးပေါ်၌ တရားဝင် အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် သစ်သီးမျိုးစုံ (၁,၀၅၇)ဖာ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၂၂၀,၀၀၀ နှင့် အဆိုပါကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်(၂)စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅,၀၀၀,၀၀၀ ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းအရ လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄၂,၂၄၇,၄၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ နိုဝင်ဘာ ၁၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရှမ်းပြည်နယ်၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လောက်ကိုင်မြို့မှ လားရှိုးမြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ် (၁)စီးပေါ်၌ တရားဝင် စာရွက် စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Wifi လိုင်းခွဲစက်များနှင့် မိုဘိုင်းလ်ဖုန်းများ ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃,၆၃၅,၀၀၀ နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan AD VY12 အမျိုးအစား မော်တော်ယာဉ်(၁)စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၀၀၀,၀၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၈၇,၆၃၅,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ မုံရွာမြို့နယ်၊ အလုံရပ်ကွက်အတွင်း တရားမဝင် အင်သစ်ခွဲသား (၇.၃၅၀၆)တန် ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၁၀၂,၅၉၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ သည်။
ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ရွှေသံလွင်တိုးဂိတ်၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသည့် မုန်လာဥနီ (၇၀၀၀)ကီလိုဂရမ် ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၆၀၀,၀၀၀ နှင့် အဆိုပါကုန်စည်များ တင်ဆောင်လာသည့် Nissan အမျိုးအစား မော်တော်ယာဉ် (၁)စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀ ကိုလည်းကောင်း၊ မြဝတီမြို့မှ မန္တလေးမြို့သို့ မောင်းနှင် လာသော မော်တော်ယာဉ်(၁)စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်း မရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၈၀,၄၈၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် နောက်တွဲယာဉ်ပါ Hino truck အမျိုးအစား မော်တော်ယာဉ် (၁)စီး ခန့်မှန်း တန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀ ကိုလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၈,၁၈၀,၄၈၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
အလားတူ ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၂ ရက်တွင် မြဝတီ(OSS) ကုန်သွယ်ရေးဇုန်၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်(၁)စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် High Density Polypropylene (၄၀၀၀)ကီလိုဂရမ် ခန့်မှန်း တန်ဖိုးငွေကျပ် ၆,၇၂၀,၀၀၀ ကိုလည်းကောင်း၊ နိုဝင်ဘာ ၁၃ ရက်တွင် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က မော်တော်ယာဉ်(၁)စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် လျှပ်စစ်ထမင်းပေါင်းအိုး (၁၀၀)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၇၂၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ နိုဝင်ဘာ ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၉)မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၇,၈၈၅,၄၇၀ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်