နေပြည်တော် နိုဝင်ဘာ ၈
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၅ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ ထက်ဝေယံကားဂိတ်၌ မော်တော်ယာဉ်(၃)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် အဝတ်အထည်မျိုးစုံ (၁၂၀၀)ထည်၊ Hyundai မော်တော်ယာဉ် ဘေးတံခါး (၃)ခု၊ Santoor ဆပ်ပြာခွက် (၇၃၄၄)ခု၊ Roble Zayco ပါပလာခြောက် (၂၂၅၀)ကီလိုဂရမ်၊ Betnovate-Gm Cream အရေပြားလိမ်းဆေး ဘူး (၆၄၀၀) ၊ Bolt (၇၅၀)ကီလိုဂရမ်၊ Fruit Juice ဖျော်ရည်အဆီ (၂၄၀)ပုလင်း၊ K.DYNARY ဆပ်ပြာဘူး (၁၉၂၀) ၊ Brand ငှက်သိုက် (၁၉၂၀)ဘူး၊ Beatess Candy ချိုချဉ် (၁၅၇၅)ဘူး၊ စောင် (Blanket) (၁၇၀)ကီလိုဂရမ်၊ Diclofenac Sodium & Paracetamol Tablets ဆေးဝါး (၂၄၄၈)ဘူး၊ ယာဉ်အပိုပစ္စည်းဖြစ်သည့် Major Gas Ket (၃၀)ခုနှင့် Vatika ခေါင်းလျှော်ရည်တွဲ (၆၀၈)ဖာ အပါအဝင် ကုန်ပစ္စည်း (၁၁၀) (ခန့်မှန်းတန်ဖိုးငွေကျပ်
၄၀၂,၉၃၀,၈၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၂)စီးနှင့် စက်မှုဇုန်ထုတ် NIDI Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၉၂,၉၃၀,၈၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၇ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် ပြည်ခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် (၇ ဒသမ၇၁၄)တန်နှင့် သစ်မာ (၂ဒသမ၂၉၉)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၇၆၄,၅၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုံရွာမြို့၊ နတ်လူ ထိပ်ပန်ရပ်ကွက်၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ(ချက်ဆီ) ဂါလန် (၁၆၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၀၆၄,၀၀၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရလည်းကောင်း၊ မုံရွာမြို့၊ အလုံရပ်ကွက်၊ မုံရွာ-ဘုတလင်ကားလမ်းမကြီးအနီး၌ လိုင်စင်မဲ့ Toyota Noah မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၆၄,၀၀၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၇ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့၊ ကမော့ကစင်ကျေးရွာအနီး၌ မော်တော်ယာဉ်(၃)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်း မရှိသည့် ပန်းသီး (၂၁၆၀)ကီလိုဂရမ်၊ လိမ္မော်သီး (၂၁၇၅၀)ကီလိုဂရမ်၊ လေချူသီး (၄၈၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၇၈၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Truck (၁)စီး၊ Nissan Diesel Truck (၁)စီးနှင့် Hino Profia Truck (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ဘားအံမြို့၊ အမှတ်(၂)ရပ် ကွက် အတွင်းရှိ ဂိုဒေါင် များနှင့် စတိုးဆိုင်များ၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပုဇွန် နှစ်ကောင် စားဆီ (၂)လီတာပါ(၃၀၀)ဘူးနှင့် (၁)လီတာပါ (၇၈၀)ဘူး၊ Brand ငှက်သိုက် (၃၈၄)ပုလင်း၊ Dynamite လိမ္မော်ချိုချဉ် (၇)ထုပ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၆၆၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၁,၄၄၀,၀၀၀)ကို ဖမ်းဆီးရမိ ခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၇ ရက်တွင် မကွေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေးမြို့နယ်၊ မြို့အဝင်စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ နိုဝင်ဘာ ၅ ရက်နှင့် ၇ ရက်နေ့တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃၁)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၈,၁၉၉,၃၆၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်