တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၁၇

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
မေ ၁၅ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့၊ ဆင်ဖြူဂိတ်အကျော် လမ်းဘေး
တစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ကုန်ပစ္စည်းများဖြစ်သည့် တရုတ်နိုင်ငံထုတ် ကျင်းထုံခြင်ဆေးခွေ ဘူး (၁၅၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂
,၂၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် မေ ၁၅ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံလွင်တံတားပူးပေါင်း စစ်ဆေးရေးဂိတ် (တရုတ်လှဘက်ခြမ်း)၌ မြဝတီမြို့မှ ပဲခူးမြို့သို့သွားရောက်မည့် မော်တော်ယာဉ် (၂)စီး၊ မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်(၁)စီး၊ သာမညမှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ် (၂)စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြ နိုင်ခြင်း မရှိသည့် 108 အဝတ်လျှော်ဆပ်ပြာမှုန့် ထုပ် (၁၂၀) ၊ Honda Wave မော်တော်ဆိုင်ကယ်(၄)စီး၊ပုဇွန်နှစ်ကောင်စားဆီ (၅)လီတာပါ ဘူး (၁၂၀) Alpha 110 မော်‌တော်ဆိုင်ကယ်(၆)စီး၊ O-Buster Oxygen Absorber (၁၉၂၀)အိတ်၊ Lipovitan-D အားဖြည့်အချိုရည် ပုလင်း (၁၂၅၀၀) ၊ TV မျိုးစုံ (အဟောင်း)(၄၂)လုံး၊ AQUA အင်ဂျင်ဝိုင် (၁၄၄)ဘူး၊ Bingo Star ကြောင်စာ (၄၈၀)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း (၂၇)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆,၁၅၉,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace (၂)စီး၊ Nissan Caravan (၁)စီး၊ Yutong Bus (၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၆,၁၅၉,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူ‌‌ဆောင်ရွက် လျက်ရှိသည်။

 

ထို့တူ မေ ၁၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၆)လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် ကလေး စာရေးစားပွဲ(အသေး) လုံး (၄၄၄၀) နှင့် BLUE အမျိုးသမီးလစဉ်သုံးပစ္စည်း (၁၅၅၀၉) ကီလိုဂရမ်၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁,၇၆၀,၇၁၆)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့် အညီ အရေးယူ‌‌ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် မေ ၁၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့၊ Denko ဆီဆိုင်အနီး၌ သာမညမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၄)စီးပေါ်မှ
တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ယောကျ်ားလေးဝတ် တီရှပ် အင်္ကျီ ထည် (၄၀၀) ၊ ကိုရီးယားနိုင်ငံထုတ် အလှကုန်ပစ္စည်း Essential Toner ဘူး (၁၀၀၀၀) ၊ Worm Wood Peeling Gel (၈၁၀)ဘူးနှင့် Worm Wood Cleansing Foam (၇၉၉)ဘူး၊ တရုတ်နိုင်ငံထုတ် ကားအပိုပစ္စည်း Car Windscreen Glass Sheet (၆၁၀)ခု အပါအဝင် ကုန်ပစ္စည်း(၁၉)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၁,၁၉၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor (၄)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀,၀၀၀,၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် (၄ ဒသမ ၈၃၈)တန်၊ သစ်မာ (၁ ဒသမ ၉၅၁)တန်နှင့် အခြားသစ် (၁ ဒသမ ၉၉၁)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၁၆၂,၅၅၇)ကို သစ်တောဥပဒေ အရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၆,၃၅၂,၅၅၇)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် မေ ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လှိုင်သာယာဇုန်(၃)၊ ဦးဖိုးလှိုင်လမ်း၊ ရေအုတ်ကန်ရပ်ကွက်၊ အမှတ်(၂၆/၂၇)၌ ရပ်တန့်ထားသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် စာရေးကိရိယာပစ္စည်း Pencil Case ကီလိုဂရမ် (၃၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်ထားသည့် Mitsubishi Fuso Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၉,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ‌‌ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် မေ ၁၅ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၌ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၇၀၁)တန်၊ အခြားသစ် (၁ ဒသမ ၅၃၈)တန် စုစုပေါင်း(ခန့်မှန်း တန်ဖိုး ငွေကျပ် ၁,၁၈၂,၀၃၈)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

 

သို့ဖြစ်၍ မေ ၁၅ ရက် တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃၈)မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၆၆,၇၀၄,၃၁၁)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)