နေပြည်တော်  သြဂုတ်  ၆

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ်လ ၂ ရက် တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပုသိမ်မြို့နယ်၊ ချောင်းသာမြို့၊ ဥတိုချောင်းအနီး၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် အချိုမှုန့် (၂၅)ကီလိုဂရမ်ပါ (၄၄)အိတ် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၂၈၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် သြဂုတ် ၄ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်‌ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ချောင်းကူးငယ်ကျေးရွာ၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ယိုးဒယား စာတမ်းပါ ပဲပိစပ်ဆီ (၁)လီတာပါ (၁၂၀၀)ဘူး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၀၀၀,၀၀၀)ကို လည်းကောင်း၊ မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ရွှေသာရီကားဂိတ်အတွင်း၌ တရားဝင် တင်သွင်းခွင့် အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် Lactasoy ပဲနို့ (၄၇၁၆)ဘူး အပါအဝင် ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၈,၈၁၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်း တန်ဖိုးငွေကျပ် ၁၇,၈၁၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် သြဂုတ် ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်‌ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် စစ်သင်္ချိုင်းအနီး၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားမဝင် ကျွန်းသစ် (၄.၉၅၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၉၀၄,၉၄၂)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Mazda Canter (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃,၉၀၄,၉၄၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် သြဂုတ် ၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်‌ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ် (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၈,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် သြဂုတ်လ ၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်‌ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြစ်ငယ် စစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Carabao အားဖြည့်အချိုရည် (၈၁၆၀၀)ဘူး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃,၁၇၁,၂၁၆)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် Man Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် အမှတ် (၃၈၆)မိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဇီးခြံကျေးရွာအနီး၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Lipovitan-D (၄၂၅၀၀)ပုလင်း အပါအဝင် ကုန်ပစ္စည်း (၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၉၄၇,၅၀၀)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင် လာသည့် Mitsubishi Fuso Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂,၀၀၀,၀၀၀)ကိုလည်းကောင်း၊
ပုလိပ်မြို့၊ Denko ဆီဆိုင်ရှေ့၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် ပလပ်စတစ်သောက်ရေဘူး (၃၉၀)ကီလိုဂရမ်၊ အမျိုးသမီးဝတ် ချည်ထည် (၁၅၅၀)ထည် အပါအဝင် ကုန်ပစ္စည်း (၁၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈,၂၆၆,၈၃၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီး (၃၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊
စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၃,၃၈၅,၅၄၆)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ သြဂုတ် ၂ ရက်၊ ၄ ရက်နှင့် ၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂)မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၄၈,၃၈၀,၄၈၈)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)