နေပြည်တော်၊ ဇန်နဝါရီ

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
ဒီဇင်ဘာ ၃၁ ရက်တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သိမ်ဆိပ်မြို့နယ် ရဲစခန်းအနီး၌ သထုံမြို့မှ ဘီးလင်းမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁) စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပုဇွန်နှစ်ကောင်ဆီ တစ်လီတာပါ (၁၁၆၄) ဘူး၊ (၂) လီတာပါဘူး (၁၂၀၀)၊ (၅)လီတာပါ ဘူး (၄၀၀) အပါအဝင် ကုန်ပစ္စည်ရှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၇,၆၅၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇,၆၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဇန်နဝါရီ ၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင် အတွင်း၌ တရားမဝင်ကျွန်းသစ် (၄ ဒသမ ၂၁၉) တန်၊ သစ်မာ (၀ ဒသမ ၅၃၇) တန်နှင့် အခြားသစ် (၂၃ဒသမ၁၁၄) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၄၇၄,၉၅၄) ကို လည်းကောင်း၊ ညောင်လေးပင်ခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် (၁.၀၃၃) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၁,၉၁၂) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃,၁၅၆,၈၆၆) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

 

သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၃၁ ရက်နှင့် ဇန်နဝါရီလ ၁ ရက်နေ့တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၈၀၆,၈၆၆) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

 

သတင်းစဉ်