နေပြည်တော် အောက်တိုဘာ ၁၅

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က သတင်းအရစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လှိုင်သာယာစက်မှုဇုန်(၃)ရှိ ဂိုဒေါင်(၁)လုံးအတွင်း၌ စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသော စားသုံးဆီများ (၃၃ ဒသမ ၁၄၉)တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂,၉၃၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ အောက်တိုဘာ ၁၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာစက်မှုဆိပ်ကမ်းကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်သေတ္တာ(၁)လုံးအတွင်း၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော Clear Float Glass များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၆၅၂,၉၂၄)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ကရင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြဝတီ(OSS)ကုန်သွယ်ရေးဇုန်၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော GALVA NIZED STEEL PIPE များ (၄၀၀၀) ကီလိုဂရမ် ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၁၄၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် အောက်တိုဘာ ၁၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရွှေဘိုမြို့နယ်အတွင်း၌ လိုင်စင်မဲ့ ANBO အမျိုးအစား လိုင်စင်မဲ့မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မုံရွာမြို့ ကျွဲရဲပူးပေါင်းစစ်ဆေးရေးဂိတ်၌ အကောက်ခွန်မဲ့ BENSON တံဆိပ် စီးကရက်(၅၀)ဖာ ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀ နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသော NISSAN အမျိုးအစား မော်တော်ယာဉ်(၁)စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈,၀၀၀,၀၀၀ ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းအရ လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၈,၂၅၀,၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင် သစ်မျိုးစုံ (၃၉.၉၉၄၂) တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၁၃၆,၀၅၄ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍  အောက်တိုဘာလ  ၁၃  ရက်၊ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၉)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၀,၁၀၈,၉၇၈) ဖြစ်ကြောင်း  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင် ကော်မတီမှသိရသည်။

သတင်းစဉ်