တရားမဝင် သစ်မျိုးစုံ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဓာတုကုန်ကြမ်းပစ္စည်း၊ မော်တော်ယာဉ်အပိုပစ္စည်း၊  ရေယာဉ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၂၃

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန်၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ဆိပ်ကမ်း၊ လေဆိပ်များ၌ တာဝန်ကျ အကောက်ခွန်စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ထီးတန်းဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေး စခန်း၌ သွင်းကုန်ကြေညာလွှာ (ID)တွင်ကြေညာထားခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၂,၇၉၁,၅၀၀)ကိုလည်းကောင်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် မိုဘိုင်းလ်ဖုန်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၈,၀၀၀,၀၀၀)ကို လည်းကောင်း၊ စက်တင်ဘာ ၂၁  ရက်တွင် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၆၅၂,၉၂၄) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၇,၄၄၄,၄၂၄)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် စက်တင်ဘာ ၂၀ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တပ်မတော်(ရေ)ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကျောက်သင်ပုန်းကျွန်း၊ အနောက်တောင်ဘက် ရေပြင်တွင် လှေတစ်စီးပေါ်၌ တရားမဝင် သစ်ခွဲသားမျိုးစုံ (၁၁ ဒသမ ၀၀၅၄)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၆၅၀,၈၁၀)နှင့် အဆိုပါသစ်များတင်ဆောင် လာသည့် သစ်သားကိုယ်ထည်လှေတစ်စီးနှင့် ဆက်စပ် ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၅၀,၀၀၀) စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၁၀၀,၈၁၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ စက်တင်ဘာ ၂၁ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြဝတီ(OSS)ကုန်သွယ်ရေးဇုန်အတွင်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော ကားတာယာများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၂၄၉,၆၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး  လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရှမ်းပြည်နယ်၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လားရှိုးမြို့မှ လောက်ကိုင်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ် (၁)စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့်  လျှပ်စစ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်(၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၄,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

အလားတူ ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၂ ရက်တွင် သံလွင်တံတား(ဘားအံ) စုပေါင်းစစ်ဆေး ရေးဂိတ်၌ တာဝန်ကျပူးပေါင်းအဖွဲ့က မော်တော်ယာဉ်(၂)စီးပေါ်၌ အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိ သည့် TV (အဟောင်း) (၄၈)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၉၂၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာ သည့် မော်တော်ယာဉ်(၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄,၀၀၀,၀၀၀)ကို လည်းကောင်း၊ စက်တင်ဘာ ၂၂  နှင့် ၂၃ ရက်တို့တွင် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က သွင်းကုန် ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့် က‌လေးစီးစက်ဘီး(၁၉)စီးနှင့် တိရစ္ဆာန်အစာများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃,၉၉၅,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၉၁၅,၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ် နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် စက်တင်ဘာ ၂၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် (၁၆)မိုင်ကျောက်ချောစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ မော်တော်ယာဉ်(၂)စီးပေါ်၌ ဓာတုဗေဒပစ္စည်း ထောက်ခံချက် အထောက်အထားဖော်ပြချက်များတွင် ဖော်ပြထားသည်နှင့်ကွဲလွဲစွာ တင်ဆောင်လာသော M- Carborane Acetohxacetyl Chloride (၂၁၉၀)အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅,၂၅၀,၀၀၀)နှင့်အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် နောက်တွဲယာဉ်ပါ (၂၂)ဘီး  ကုန်တင်ယာဉ်(၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၀,၀၀၀,၀၀၀)စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၅,၂၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။

 

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လှည်းကူးမြို့နယ် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၀/၆)နှင့် (၂၀/၇)အကြားတွင် တရားမဝင် ကျွန်းပါကေး(အကြမ်းတုံး)(၀.၅၉၂၄)တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၀,၉၈၄)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Toyota Probox အမျိုးအစား မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၃၉၀,၉၈၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ် အတွင်း Nissan Mrach အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်‌ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် စက်တင်ဘာ ၂၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့အတွင်း တရားမဝင် သစ်မျိုးစုံ(၆ ဒသမ ၀၈၃၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၉၁,၂၆၆)ကိုဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍  စက်တင်ဘာ ၁၉ ရက်၊ ၂၀ ရက်၊ ၂၁ ရက်၊ ၂၂ ရက်နှင့်  ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၅) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၄,၄၄၂,၀၈၄)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)