တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ရေယာဉ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဧပြီ ၂၄

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် မြန်မာ့ပင်လယ်ပြင် တနင်္သာရီ ရေပိုင်နက်အတွင်း ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ ဖမ်းဆီးရမိခဲ့ပြီး ဗိုလ်တစ်ထောင်မြို့နယ်ရဲစခန်းသို့ အပ်နှံခဲ့သည့် တရားမဝင် သစ် တင်ဆောင်လာသည့် ရေယာဉ်(၁)စီးပေါ်မှ တရားမဝင် ကျွန်းသစ် (၁၁၀ ဒသမ ၃၁၃)တန်၊ အခြားသစ် (၁၀၅ ဒသမ ၆၀၃)တန် (ခန့်မှန်းတန်ဖိုး‌ငွေကျပ် ၃၆၆,၈၉၆,၄၄၈)နှင့် အဆိုပါ သစ်များ တင်ဆောင်လာသည့် MV ရွှေမေတ္တာရေယာဉ်(သံကိုယ်ထည်) (၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ်၁,၀၀၀,၀၀၀,၀၀၀) ကို သစ်တောဥပဒေအရလည်းကောင်း၊ ရွာသာကြီး Dry Port ၌ မန္တလေးမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာ ထားခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် ခရီးဆောင်အိတ် (၅၀)လုံးအပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅,၁၆၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Giga Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၅,၀၀၀,၀၀၀)ကို အကောက်ခွန်လုပ်ထုံး လုပ်နည်းများအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၅၇,၀၅၆,၄၄၈)ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီလ ၂၃ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် တောင်ငူခရိုင် နှင့် သာယာဝတီခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ်(၁ ဒသမ ၀၂၁)တန်၊ သစ်မာ(၄ ဒသမ ၈၇၄) တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၉၃၃,၂၃၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီလ ၂၃ ရက်တွင် မွန်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မော်လမြိုင်ခရိုင်၊ ကျိုက်ထိုခရိုင်နှင့် သထုံခရိုင်တို့အတွင်း၌ တရားမဝင် အခြားသစ် (၄ ဒသမ ၉၄၂)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၂၅,၁၁၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီလ ၂၃ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် သံလွင်တံတားပူးပေါင်း စစ်ဆေးရေးဂိတ် (တရုတ်လှဘက်ခြမ်း)၌ မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် Lenovo Laptop (Used) (၂၀၀)လုံး
အပါအဝင် ကုန်ပစ္စည်း(၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅,၉၅၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Amandla Mini Bus (၁)စီးနှင့် Nissan Caravan Mini Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅,၉၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဧပြီလ ၂၃ ရက်တွင် နေပြည်တော်ကောင်စီတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေး ခရိုင်၊ ပျဉ်းမနားခရိုင်နှင့် ဥတ္တရသီရိခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် (၁ ဒသမ ၂၄၈)တန်၊ အခြားသစ် (၁၃ ဒသမ ၆၂၁)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၇၇,၁၀၁)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဧပြီလ ၂၄ ရက်တွင် မကွေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်းတုန်းမြို့နယ်၊ တောင်ပတ်ကျေးရွာအနီး၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ (၁၃၅)ဂါလန်နှင့် အဝါရောင်ကော်ပုံးအခွံ
(၂၅၀)ပုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၁၆၄,၀၀၀)နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Dump Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၅၀၀,၀၀၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းများဆိုင်ရာဥပဒေ အရလည်းကောင်း၊ မင်းဘူးခရိုင်နှင့် သရက်ခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၅၈၆) တန်၊ အခြားသစ် (၂ ဒသမ ၁၂၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၁,၆၃၉)ကို သစ်တောဥပဒေ အရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၈၆၅,၆၃၉)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဧပြီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၈)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်၁,၅၉၆,၈၀၇,၅၄၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦး ဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်