တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်၊ ဧပြီ ၁၂

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၁၀ ရက်တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် လားရှိုး-တန့်ယန်းလမ်းရှိ နမ့်ပေါင်ဒေသ၊ သံလွင်ကျေးရွာအနီး၊ လုံလ လမ်းဆုံ၌ ချင်းရွှေဟော်မြို့မှထွက်ခွာလာသော မော်တော်ယာဉ်(၂)စီးပေါ်မှ တရုတ်နိုင်ငံထုတ် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း GREASE (၁၀၀၀)ကီလိုဂရမ်နှင့် JET-100 ရေစုပ်စက်အလုံး (၂၀) အပါအဝင် ကုန်ပစ္စည်း (၁၉)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၄၇၅,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီးနှင့် Hino Ranger Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၇,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၂,၄၇၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဧပြီ ၁၀ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြစ်ငယ်ပူးပေါင်း
စစ်ဆေးရေးဂိတ်၌ ဆီသယ်ယာဉ်(၁)စီးပေါ်မှ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ ဂါလန် (၉၀၀) အပါအဝင်
ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁
,၂၃၄,၄၂၀)နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင် လာသည့် Dong Feng Tractor Head (၁)စီးနှင့် ဆီသယ်နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၁,၂၃၄,၄၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဧပြီ ၁၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်း မြို့နယ်၌ လိုင်စင်မဲ့ Toyota Townace မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ မုံရွာမြို့နယ်၌ တရားမဝင် အခြားသစ် (၁ ဒသမ ၈၀၆)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁,၁၉၂,၂၂၄)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုး ငွေကျပ် ၈,၁၉၂,၂၂၄)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဧပြီ ၁၀ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေးမြို့၊
အိုးဘိုရပ်ကွက်၊ ဧရာဝတီတံတားစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့
Toyota Mark X မော်တော်ယာဉ်(၁)စီး၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ မကွေးမြို့နယ်၊ ကံပြားကျေးရွာ၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စလင်းမြို့၊ ပေါင်းပင်ဇင်ရပ်ကွက်၌ Dayang 125 မော်တော်ဆိုင်ကယ်(၁)စီးနှင့် Loujia 110 မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၃၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၃၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန် သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ဧပြီ ၁၁ ရက်တွင် နေပြည်တော်ကောင်စီ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဥတ္တရသီရိခရိုင်၊ တပ်ကုန်း မြို့နယ်၌ တရားမဝင် အခြားသစ် (၆ ဒသမ ၇၄၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၁၇,၄၀၂) ကိုလည်းကောင်း၊ လယ်ဝေးမြို့နယ်၌ တရားမဝင် ကျွန်းသစ် (၇ ဒသမ ၇၂၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၃၈၃,၁၁၄) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၃၀၀,၅၁၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ဧပြီ ၁၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူ ခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ်(၃ ဒသမ ၀၁၆)တန်နှင့် အခြားသစ်(၈ ဒသမ ၉၃၇)တန် စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂,၆၁၇,၉၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဧပြီ ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၆)မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၉၄,၁၂၀,၀၆၀)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)