နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။


 အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေး ရေးစခန်း၌ ကုန်သေတ္တာ (၇)လုံးအတွင်းမှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၂၁)မျိုး၊ လူသုံးကုန်ပစ္စည်း (၉)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၂,၂၈၄,၂၂၀)ကိုလည်းကောင်း၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် ရွှေမဲဆိပ်ကမ်း၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသော ရေယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအ‌ထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၃,၆၈၁,၇၈၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် MV. Shwe Pyi Phyo ရေယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၀၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ် ၂,၈၇၅,၉၆၆,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ဖေဖော်ဝါရီ ၂၄ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ နမ္မတီးမြို့၊ မြို့အဝင် ဆိုင်းဘုတ်အနီး၌ မိုးကောင်းမြို့မှ မြစ်ကြီးနားမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၄)စီးနှင့် မော်တော်ဆိုင်ကယ် (၃)စီးတို့ဖြင့် သယ်ဆောင်လာသည့် တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ
(၇၂၈)ဂါလန်၊ ဓါတ်ဆီ(၇၃၂)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉,၈၀၀,၀၀၀)နှင့် အဆိုပါ စက်သုံးဆီများ တင်ဆောင်လာသည့် လိုင်စင်မဲ့ မော်တော်ယာဉ် (၄)စီးနှင့် မော်တော်ဆိုင်ကယ် (၃)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၇,၇၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇,၅၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့် ရေနံထွက် ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြိတ်မြို့၊ ခြောက်တခင်းရွာ၊ ဘုရင့်နောင် လမ်းမကြီး၊ Ready Home Co.Ltd ၏ ဂိုဒေါင် (၁)လုံးအတွင်းမှ တရားဝင်တင်သွင်းခွင့် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၆,၅၀၀,၀၀၀) ကိုလည်းကောင်း၊ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ မြေနီလမ်းရှိ ကမ်းနားဆိပ်၌ စုပုံထားသော အကောက်ခွန်မဲ့ လူသုံးကုန်ပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်
၄၈,၇၅၀,၀၀၀) ကိုလည်းကောင်း၊ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ဦးအောင်ဇေယျ(၃)လမ်း၊ အမှတ်(၁၅၉၆)ရှိ ဂို‌ဒေါင် (၁)လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်း (၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂,၅၈၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၇,၈၃၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

အလားတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အမရပူရမြို့နယ်အတွင်း၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ ဂါလန် (၈၁၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၁၂၀,၉၇၀)၊ ချမ်းမြသာစည် မြို့နယ်အတွင်း၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ(၂၁၀)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၇၀၀,၉၄၅)၊ အောင်မြေသာဇံမြို့နယ်အတွင်း၌ တရားမဝင် စက်သုံးဆီ ဓာတ်ဆီ (၁၇၄)ဂါလန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂,၅၂၃,၃၄၈)နှင့် ရွှေကျင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ (၂၅၅) ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၉၈၁,၆၁၁)တို့ကို ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာဥပ‌ဒေအရ လည်းကောင်း၊ ပြင်ဦးလွင်မြို့နယ်၊ တောင်ပြိုကျေးရွာ၌ တရားမဝင် အခြားသစ်(၂ ဒသမ ၁၀၀)တန်နှင့် ဆက်စပ် ပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၀,၀၀၀)နှင့် ပုသိမ်ကြီးမြို့နယ်၊ ရွှေကျင် ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင် မီးသွေး(၉ ဒသမ ၄၄၄)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၈၈,၈၈၈)၊ အဆိုပါမီးသွေးများ တင်ဆောင် လာသည့် Toyota Dyna (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၈,၀၀၀,၀၀၀)တို့ကို သစ်တော ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၉,၃၃၅,၇၆၂) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃၀)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၁၄၀,၆၃၁,၇၆၂)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့်အလတ်စား ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ စျေးကွက်အတွင်း မျှတစွာ ယှဉ်ပြိုင်နိုင်မှု မရှိခြင်းနှင့် စျေးကွက် ပျောက်ဆုံးခြင်းတို့ ဖြစ်ပေါ်စေပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ရေရှည် ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုထက်ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)