တရားမဝင် သစ်မျိုးစုံ၊ ဓာတုကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ မော်တော်ယာဉ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် သြဂုတ် ၁၂

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ်  ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မန္တလေးတိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာနမှူး ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က မန္တလေး-ပြင်ဦးလွင်လမ်းပိုင်း (၂၁)မိုင်အနီးရှိ ယာဉ်များပေါ်၌ အကောက်ခွန်မဲ့ ပစ္စည်းများတင်ဆောင်လာ ကြောင်း သတင်းအရ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လားရှိုးမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၃)စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား  တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် မော်တော် ကားအပိုပစ္စည်းများ၊ ဘက်ထရီစက်ဘီးများ၊ ဓာတုကုန်ကြမ်းပစ္စည်းများ၊ အဝတ်အထည် နှင့်ဖိနပ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁,၄၈၀,၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia  အမျိုးအစား  ကုန်တင်ယာဉ် (၃)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၅,၄၈၀,၅၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

ထို့ပြင် သြဂုတ် ၁၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ကိုင်းမြို့၊ ရတနာပုံတံတား ပူးပေါင်းစစ်‌ဆေး ရေးဂိတ်၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက် စာတမ်းအထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အိန္ဒိယနိုင်ငံထုတ် ပဲနီလေး (၁၉၉)အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၉၄၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ ပါသည်။

 

ယင်းအပြင် နေပြည်တော်ကောင်စီ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် ဥတ္တရသီရိမြို့နယ် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်( ၂၂၇/ ၅) နှင့် (၂၂၇/ ၆၀) ကြား ငလိုက်ကြိုးဝိုင်းအတွင်း တရားမဝင်  ကျွန်းခွဲသားနှင့် အခြားသစ်မျိုးစုံ (၁ ဒသမ ၉၈၅၈) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၅၃,၁၆၈)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အ‌ရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

အလားတူ သြဂုတ် ၁၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ‌ ဆောင်ရွက်ခဲ့ရာ ‌တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း တရားမဝင်  ပျဉ်းကတိုးခွဲသား (၀ ဒသမ ၅၃၈၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၉,၁၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

သို့ဖြစ်ပါ၍  သြဂုတ် ၉ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၀)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၈,၇၄၂,၇၆၈) ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)