နေပြည်တော်၊ ဇူလိုင် ၆

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၄ ရက်တွင်  အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တာဝန်ကျ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  ခရီးသည်ဝန်စည်နှင့်အတူ ရောနှောသယ်ဆောင် လာသော တင်သွင်းခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Yoma တံဆိပ် လက်ပတ်နာရီ အလုံး (၁၀၀) နှင့် le Planteur တံဆိပ် လက်ပတ်နာရီ (၆၄)လုံး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈,၂၀၀,၀၀၀)ကို လည်းကောင်း၊ Drone, GPS- Smart Drone (၁)စုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၃၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အ‌ရေးယူဆောင်ရွက်လျက်ရှိသည်။

 

အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇူလိုင် ၄ ရက်တွင် ရှမ်းပြည်နယ်၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ လှည့်ကင်းစစ်‌ဆေးရေးပူးပေါင်းအဖွဲ့က တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Shoe ဖိနပ် အရံ (၂၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၅၀၀၀)နှင့် ဖုန်းဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၈၀၀၀၀)ကို လည်းကောင်း၊ ဇူလိုင် ၅ ရက်တွင် မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်၌ သွင်းကုန် ကြေညာလွှာ (ID)တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော အိမ်သုံးလျှပ်စစ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၈၀၅,၂၀၈)ကို လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၆၀,၂၀၈)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အ‌ရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဇူလိုင် ၄ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အရှေ့ရိုးမ ကြိုးဝိုင်းအတွင်း တရားမဝင် သစ်မျိုးစုံ(၀ ဒသမ ၇၂၁၄)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၀,၄၉၈)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ‌ဆောင်ရွက် လျက်ရှိသည်။

 

ယင်းအပြင် ဇူလိုင် ၅ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုတ်ပြင်း မြို့နယ်အတွင်း တရားမဝင် ကတွဒ်သစ်ခွဲသား (၀ ဒသမ ၅၈၈၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၆၅၆)ကို လည်းကောင်း၊ မြိတ်မြို့နယ်အတွင်း ဒီရေတောထင်း(မဓမ) (၂၂ ဒသမ ၇၇) ကုဗတန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈,၃၁၀)ကို လည်းကောင်း၊ ကျွန်းစုမြို့နယ်အတွင်း တောင်ဘိန်းသစ်နှင့် ဟင်းချိုရိုင်းသစ် (၆၄)ချောင်း၊ စက်လှေ(၁)စီးနှင့် ဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၀၅၂,၇၆၀) ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၁၉၁,၇၂၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပ‌ဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေး‌ရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ  ဖျာပုံမြို့နယ်၊ ဖျာပုံ-ကျုံကဒွန်း ကားလမ်း၌ HONDA ODYSSEY အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

 

၎င်းအပြင် ဇူလိုင် ၆ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျစစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်တင်ယာဉ်(၁)စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသော တရုတ်နိုင်ငံထုတ် ကားတာယာ (၂၁)ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၉၄၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်များအတွင်း တရားမဝင် ကျွန်းသစ်၊ သစ်မာနှင့် အခြားသစ် မျိုးစုံ (၁၂ ဒသမ ၁၀၇၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၉၂၁,၂၈၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍  ဇူလိုင် ၄ ရက်၊ ၅ ရက်နှင့် ၆ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ()မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်

(သတင်းစဉ်)