နေပြည်တော် ဇန်နဝါရီ ၂၄
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဇန်နဝါရီ ၂၂ ရက်တွင် မကွေးမြို့၊ ဧရာဝတီ တံတားစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Toyota Succeed မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၀၀၀,၀၀၀)၊ မကွေးမြို့၊ မြို့အဝင်စစ်ဆေးရေးဂိတ်၌ Toyota Succeed မော်တော်ယာဉ် (၁)စီးနှင့် Honda Insight မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၅၀၀,၀၀၀)တို့ကို ပို့ကုန်သွင်း ကုန်ဥပဒေ အရလည်းကောင်း၊ မင်းဘူးခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၇၃၆)တန်၊ အခြား သစ် (၀ ဒသမ ၃၃၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃,၄၉၂)နှင့် မကွေးခရိုင်အတွင်း၌ တရားမဝင် အခြား သစ် (၅ ဒသမ ၄၂၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၉,၇၅၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် SOJEN Truck (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅,၀၀၀,၀၀၀)တို့ကို သစ်တောဥပဒေအရလည်းကောင်း၊ ဇန်နဝါရီ ၂၃ ရက်တွင် မင်းဘူးမြို့နယ်၊ ဧရာဝတီတံတားစစ်ဆေးရေး ဂိတ်၌ လိုင်စင်မဲ့ Yinzing 110 မော်တော်ဆိုင်ကယ် (၁)စီးနှင့် Shanyan 110 မော်တော်ဆိုင်ကယ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀,၀၀၀)တို့ကို ပို့ကုန် သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၂၄၃,၂၄၂)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇန်နဝါရီ ၂၃ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ တရားမဝင် အခြားသစ် (၆ ဒသမ ၁၀၆)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၂၇,၄၆၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇန်နဝါရီ ၂၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၂)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Junsha Stainless Steel Sink (၉၀)၊ FRESH Solar Flood Light (၁၅၂)စုံ အပါအဝင် ကုန်ပစ္စည်း(၉)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂,၆၁၃,၅၀၀) ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၂)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Hemorie အစာအိမ်ဆေး (၃၃၀၀)ဘူး၊ ကြယ်သီး (၅၉၅၄)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၃၂၈,၁၈၂)ကို လည်းကောင်း၊ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ ဝန်စည်များအတွင်းမှ တရားဝင် စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် DJI Mavic Air 2 Drone (၁)စုံ၊ Abhayrab Rabies Vaccino ခွေးရူးပြန်ရောဂါကာကွယ်ဆေး (၂၅၁)ဘူး အပါအဝင် ကုန်ပစ္စည်း (၅)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂,၉၁၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၂,၈၅၁,၆၈၂)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇန်နဝါရီ ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ရွာသာကြီး Dry Port ၌ မိုင်းလားမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးနှင့် မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးတို့ပေါ်မှ သွင်းကုန်ကြေညာ လွှာတွင် ကြေညာထားခြင်း မရှိသည့် 100% Cotton Yarnကီလိုဂရမ် (၂၁၀၀) ၊ Kennede Air Cooler အလုံး (၃၆၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၄၂၉,၅၄၉)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီးနှင့် Hino Profia Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၉,၄၂၉,၅၄၉)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၂၃ ရက်တွင် တောင်ငူခရိုင် အတွင်း၌ တရားမဝင် ကျွန်းသစ် (၂ ဒသမ ၀၉၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၉၁,၆၈၀)ကို သစ်တောဥပဒေ အရလည်းကောင်း၊ ပဲခူးမြို့နယ်၌ လိုင်စင်မဲ့ Nissan Diesel Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ဇန်နဝါရီ ၂၄ ရက်တွင် ပဲခူးခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ်(၀ ဒသမ ၀၈၉)တန်၊ သစ်မာ (၀ ဒဿမ ၅၉၇)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၇,၈၃၆)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၆,၀၄၉,၅၁၆)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇန်နဝါရီ ၂၂ ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၁)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၉,၀၀၁,၄၅၁)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်