နေပြည်တော်၊ နိုဝင်ဘာ ၁၄
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၀ ရက်တွင် ကျုံပျော်ခရိုင်၊ ရေကြည် မြို့နယ်၌ တရားမဝင် အခြားသစ် (၇၄ ဒသမ ၃၈၈) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၄၆၀,၀၆၆) နှင့် နိုဝင်ဘာ ၁၁ ရက်တွင် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ တရားမဝင် အခြားသစ် (၁၄ ဒသမ ၁၂၄) တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၈၈,၆၉၄)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၄၄၈,၇၆၀)ကို ဖမ်းဆီးရ မိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် နိုဝင်ဘာ ၁၂ ရက်တွင် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီး ပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် အလှကုန် JM Solution Toner ပုလင်း (၄၅၀) ၊ Felicity Solar Battery (၃) လုံး အပါအဝင် ကုန်ပစ္စည်း (၅) မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄,၈၁၂,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀) ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ နိုဝင်ဘာ ၁၃ ရက်တွင် တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် (၃ဒသမ၂၃၄) တန် (ခန့်မှန်းတန် ဖိုးငွေကျပ် ၂၃၀,၀၀၀) ကို သစ်တောဥပဒေအရလည်းကောင်း။ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၄၂,၀၀၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၂ ရက်တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာ ထားခြင်း မရှိသည့် Three Mountain လည်ရှည်ဖိနပ် အရံ (၅၀၀) အပါအဝင် ကုန်ပစ္စည်း (၄) မျိုး(ခန့်မှန်း တန်ဖိုးငွေကျပ် ၅,၁၃၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ နိုဝင်ဘာ ၁၃ ရက်တွင် မြန်မာ့စက်မှု ဆိပ်ကမ်း၌ ကုန်သေတ္တာ (၉) လုံးအတွင်းမှ ပိုင်ရှင်မှ စွန့်လွှတ်ကြောင်း တင်ပြလာသည့် Plastic Scrap (ပလပ်စတစ်အပိုင်းအစများ) ကီလိုဂရမ် (၁၈၈၈၆၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၁,၅၈၅,၅၇၃) နှင့် သီလဝါ ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ နှစ်လုံးအတွင်းမှ ပိုင်ရှင်မှ စွန့်လွှတ်ကြောင်း တင်ပြလာသည့် Plastic Scrap (ပလပ်စတစ်အပိုင်းအစများ) ကီလိုဂရမ် (၅၅၀၂၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆,၉၇၃,၄၄၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၈,၆၈၉,၀၁၃)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် နိုဝင်ဘာ ၁၃ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၌ တရားမဝင် ငါးဖမ်းရာတွင် အသုံးပြုသည့် သစ်သားကိုယ်ထည်စက်လှေ ခြောက်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၈၀၀,၀၀၀)ကို မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေအရ လည်းကောင်း၊ မြိတ်ခရိုင်၊ မြိတ်ကမ်းရိုးတန်းမြို့နယ်၌ Brand 888 ဖဲထုပ် (၂၂၈) ထုပ်၊ ပုစွန်နှစ်ကောင် စားအုန်းဆီ (၅) လီတာပါ ဘူး (၁၂၀) ၊ ယိုးဒယားစာတန်းပါစားအုန်းဆီ (၁၂) လီတာပါ ဘူး (၂၅၀)၊ ယိုးဒယားစာတန်းပါ ရာဘာစက်ရုံသုံး ကြိတ်စက် လေးလုံး၊ MA MA ခေါက်ဆွဲခြောက် (၂၁၆၀) ထုပ်၊ Singha Beer (၅၉၅၂) ဘူး၊ မုန့်အမယ်မျိုးစုံ (၆၅) ထုပ် အပါအဝင် ကုန်ပစ္စည်းခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈,၈၂၉,၆၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်ထားသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများ အရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၉,၆၂၉,၆၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၁၃ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဥတ္တရသီရိခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း၌ တရားမဝင် အခြားသစ် (၄ ဒသမ၂၇၉) တန် စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၉၉,၅၄၄) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက် ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၁၃ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေး ခရိုင်၊ မကွေးမြို့နယ်၌ လိုင်စင်မဲ့ Toyota Ipsum မော်တော်ယာဉ်တစ်စီးနှင့် မင်းဘူးခရိုင်၊ ပွင့်ဖြူ မြို့နယ်၌ လိုင်စင်မဲ့ Suzuki Carry မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၌ တရားမဝင် ကျွန်းသစ် (၅ ဒသမ ၂၇၇) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၄၈၃,၃၄၈)နှင့် မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်နှင့် ငဖဲမြို့နယ်တို့၌ တရားမဝင် ကျွန်းသစ် (၀ဒသမ၁၉၉) တန်၊ အခြားသစ် (၂ဒသမ၄၆၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၅,၀၄၆) တို့ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂,၁၂၈,၃၉၄) ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ နိုဝင်ဘာ ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃၂) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၀,၂၃၇,၃၁၁)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်