နေပြည်တော်၊ ဇန်နဝါရီ ၆
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဇန်နဝါရီ ၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ ခြောက်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း တစ်မျိုး၊ လူသုံးကုန်ပစ္စည်းတစ်မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၃,၅၁၆,၇၇၂) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ တရားမဝင်မီးသွေး (၃ ဒသမ ၉၆၈) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၃,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇန်နဝါရီ ၃ ရက်နှင့် ၄ ရက်တို့တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ငပုတောမြို့နယ်နှင့် ပုသိမ်မြို့နယ်တို့၌ တရားမဝင် အခြားသစ် (၄ ဒသမ ၃၉၅) တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၆၄,၅၇၁) ကို သစ်တောဥပဒေအရလည်းကောင်း၊ ဟင်္သာတမြို့နယ်၌ လိုင်စင်မဲ့ Honda CBR 150 မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေ အရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၄၆၄,၅၇၁)ကို ဖမ်းဆီးအရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့ပြင် ဇန်နဝါရီ ၅ တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တိုက်ကြီးမြို့နယ်၌ တရားမဝင်အခြားသစ် (၂ ဒသမ ၀၀၈) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၂,၉၂၀) ကိုလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပဲခူး-ရန်ကုန်လမ်း၊ ထောက်ကြန့်လမ်းဆုံအနီး၌ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၆၁၇) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၃,၁၃၆) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Noah မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၂၇၆,၀၅၆) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇန်နဝါရီ ၅ ရက်နှင့် ၆ ရက်တို့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ လိုင်စင်မဲ့ Canter Truck မော်တော်ယာဉ် တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၇,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် (၁ ဒသမ ၈၈၃) တန်၊ သစ်မာ (၀ ဒသမ ၄၅၂) တန်၊ အခြားသစ် (၀ ဒသမ ၇၇၀) တန်၊ ဝါးလုံး (၅၀၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၁၆,၁၈၂) ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂,၀၁၆,၁၈၂)ကို ဖမ်းဆီး အရေးယူဆောင်ရွက် လျက်ရှိပါသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်၊ ၄ ရက်၊ ၅ ရက်နှင့် ၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၀,၃၆၆,၅၈၁) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်တင်သွင်းလာသည့် ကုန်စည်များအနေဖြင့် အရည်အသွေးပြည့်မီမှု မရှိနိုင်ခြင်းကြောင့် ပြည်သူများအတွက် ဘေးအန္တရာယ်ကျရောက်မှုများ ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်၍ တရားမဝင် ကုန်စည်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများမှ ယခုထက်ပိုမို တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်