နေပြည်တော်၊ မေ ၈

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ‌ အကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မေ ၄ ရက်တွင် အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် Silicone Sealant Gasket Marker (၄၄၇၁) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈,၁၆၈,၅၆၀) ကိုလည်းကောင်း၊ မေ ၅ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ် (သွင်းကုန်) ၌ ဝန်စည်များအတွင်းမှ သွင်းကုန်လိုင်စင် မရရှိမီ လေဆိပ်သို့ ကြိုတင်ရောက်ရှိသည့်ရက် (၆၁) ရက်ကျော်လွန်နေသည့် SIDEL Brand New Blower Spare Parts တစ်ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၁၈,၂၁၈)နှင့် သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်း မရှိသည့် Air Compressor တစ်ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၇၇၄,၀၆၉) ကိုလည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ လေးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထား သည်ထက် ပိုမိုပါရှိလာသည့် ROCHE Medical Device သုံးခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၄,၁၅၈,၄၀၀) ကိုလည်းကောင်း၊ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသည့် ရေပိုက် (၂၁၈၀) ကီလိုဂရမ် အပါအဝင် Excavator and Bulldozer Spare Parts ၁၃ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈,၈၆၉,၇၁၉) ကိုလည်းကောင်း၊ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Hydraulic Jacks & Accessories ၁၀ ခု အပါအဝင် ကုန်ပစ္စည်း ကိုးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၂,၈၁၀) နှင့် Silkline Dis Posoble Wipes အခု ၂၅၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၇၅၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၉,၂၇၁,၇၇၆)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ မေ ၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့များက ပဲခူးခရိုင်အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင်ကျွန်းသစ် (၀ ဒသမ ၂၆၄) တန်၊ သစ်မာ (၁ ဒသမ ၉၉၈) တန်နှင့် အခြား သစ် (၃ ဒသမ ၀၇၉) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၄၂,၁၇၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပ‌ဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ မေ ၄ ရက်၊ ၅ ရက်နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ရှစ်မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀,၅၁၃,၉၄၈) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦး ဆောင်ကော်မတီမှ သိရသည်။

 

သတင်းစဉ်