နေပြည်တော် ဇန်နဝါရီ ၂၁
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၈ ရက်တွင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၂)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင်ကြေညာထားခြင်းမရှိသော အားကစားဖိနပ်(၁၈၈၄)ရန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၆၅၂,၀၀၀)နှင့် FDA ထောက်ခံချက်နှင့်ကွဲလွဲစွာပါရှိလာသော Rotho Ances Sealing Gel (၅၁၆ ဒသမ ၉၆)ကီလိုဂရမ်အပါအဝင် ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၁,၄၅၉,၈၀၁)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၇,၁၁၁,၈၀၁)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၈ ရက်တွင် ပဲခူးမြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ အကောက်ခွန်အဖွဲ့က မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသော ဒိန်ချဉ်ဘူး(၆၈၀)ဖာ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀,၂၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသော Nissan Box Truck အမျိုးအစား မော်တော်ယာဉ်(၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းအရ လည်းကောင်း၊ ဇန်နဝါရီ ၁၉ ရက်တွင် တိုင်းဒေသကြီးသစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်း အဖွဲ့က ပဲခူးခရိုင်နှင့် တောင်ငူခရိုင်အတွင်း တရားမဝင် ကျွန်းသစ်နှင့် သစ်မာ (၂၂ ဒသမ ၅၈၂၆)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၇,၉၆၇,၉၅၈) သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈,၁၆၇,၉၅၈)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇန်နဝါရီ ၁၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွှေဘိုမြို့၊ အမှတ်(၈)တပ်ထိပ် ပူးပေါင်း စစ်ဆေးရေးဂိတ်၌ ပူးပေါင်းအဖွဲ့က PAJERO အမျိုးအစား မော်တော်ယာဉ်(၁)စီး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၈,၀၀၀,၀၀၀)ကိုလည်းကောင်း၊ နန်းယွန်းမြို့နယ်အတွင်း၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က လိုင်စင်မဲ့ CANDA 125 အမျိုးအစား မော်တော်ဆိုင်ကယ် (၁)စီး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၃၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြဝတီ မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ အကောက်ခွန်အဖွဲ့က သင်္ဃန်းညီနောင်ကျေးရွာအနီး၌ ရှောင်တခင်စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသော အင်ဂျင်မပါရှိသော Two Wheel Tractor(၁၀)စီးအပါအဝင် ကုန်ပစ္စည်း(၂)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂,၇၆၄,၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသော Nissan အမျိုးအစား မော်တော်ယာဉ်(၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၂,၇၆၄,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တောင်ကြီးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ အကောက်ခွန်အဖွဲ့က တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး-မိတ္ထီလာ လမ်းကြောင်းအတိုင်း မောင်းနှင်လာသော မော်တော်ယာဉ်(၂)စီးအား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန် ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂,၁၃၆,၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသော မော်တော် ယာဉ်(၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂,၁၃၆,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇန်နဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၅) မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၇၈,၄၇၉,၇၅၉) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှသိရသည်။
သတင်းစဉ်