နေပြည်တော်၊ စက်တင်ဘာ ၁၄

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဌာနခွဲမှ ဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့သည် သတင်းအရ ရန်ကုန်- ဘားအံ- မြဝတီ လမ်းကြောင်းတစ်လျှောက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊  ပဲခူးမြို့‌ရှောင်လမ်း၊ ပဲခူးစက်မှုဇုန်မုဒ်ဝအနီးတွင် မော်တော်ယာဉ်(၂)စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထား သည်ထက် ပိုမိုတင်ဆောင်လာသော ကားတာယာများ၊ လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၁၆၅,၆၂၄)နှင့်အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်(၂)စီးနှင့် နောက်တွဲယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀,၁၆၅,၆၂၄)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူး‌ပေါင်းစစ်ဆေး ရေးအဖွဲ့က စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေးမြို့နယ်၊ သရက်ပင်ကွက်ကျေးရွာအတွင်း တရားမဝင် သစ်မျိုးစုံ (၁ ဒသမ ၃၈၀၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၄,၄၀၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပ‌ဒေနှင့်အညီ အရေးယူ‌ဆောင်ရွက်လျက်ရှိသည်။

 

အလားတူ စက်တင်ဘာ ၁၃ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လယ်ဝေးမြို့နယ်သစ်တောဦးစီးဌာန ဦးဆောင်‌သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း တရားမဝင် ကျွန်းသစ်(၀.၅၂၈၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် စက်တင်ဘာ ၁၄ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီံမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျ          ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်(၁)စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာ ထားခြင်းမရှိသည့် ဆိုင်ကယ်တာယာများ(ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၂၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

၎င်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်‌ဆေးရေးအဖွဲ့က ကဝမြို့နယ်၊ သပြေကန်ကျေးရွာအနီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်း(မုပ္ပလင်) မိုင်တိုင်အမှတ်(၆/၃)နှင့်(၆/၄)ကြားတွင် Hijet အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀)ကို ပို့ကုန် သွင်းကုန်ဥပဒေအရလည်းကောင်း၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က တောင်ငူခရိုင်နှင့် ညောင်လေးပင် ခရိုင်တို့အတွင်း တရားမဝင် သစ်မျိုးစုံ (၁၀ ဒသမ ၆၁၀၀) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၄၄၉,၆၁၂) ကို သစ်တောဥပဒေအရ လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇,၄၄၉,၆၁၂)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍  စက်တင်ဘာ  ၁၂ ရက်၊ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၁) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀,၃၀၉,၆၃၈)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

(သတင်းစဉ်)