နေပြည်တော် ဧပြီ ၂၄
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ဧပြီ ၂၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင် လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာ တမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၂,၅၇၅,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင် လာသည့် စက်မှုဇုန်ထုတ် Myanmar Yangon Truck (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ညောင်ခါးရှည်ကျေးရွာ၊ Famous ဆီဆိုင်အနီး၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင် လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း (၁)မျိုး၊ စားသောက်ကုန်ပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၆၉၅,၁၀၀)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် Hyundai Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃,၀၀၀,၀၀၀) ကိုလည်းကောင်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာ (၁)လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆,၁၅၀,၀၀၀) ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၉,၄၂၀,၁၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ယင်းနာက် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မကွေးခရိုင်၊ မင်းဘူးခရိုင်နှင့် သရက်ခရိုင် တို့အတွင်း၌ တရားမဝင် ကျွန်းသစ် (၁ ဒသမ ၈၃၈)တန်၊ အခြားသစ် (၂ ဒသမ ၆၄၁) တန်၊ မီးသွေး (၅ ဒသမ ၃၃၁)တန်၊ ရှားမျှော (၅၀)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၃၄,၂၃၃)ကို သစ်တောဥပဒေအရ လည်းကောင်း၊ အောင်လံမြို့နယ်၊ ကျွဲသေကျေးရွာအနီး၌ တရားဝင်သယ်ဆောင်ခွင့် အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် နွားအထီး(၄)ကောင် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၆၀၀,၀၀၀)ကို အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ လည်းကောင်း၊ မကွေးမြို့၊ မြို့အဝင် စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Toyota Wish မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၅၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေ အရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၃၃၄,၂၃၃)ကို ဖမ်းဆီးအရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျွဲတပ်ဆုံစစ်ဆေး ရေးဂိတ်၌ရန်ကုန်မြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၆,၂၄၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Higer Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ပလိပ်မြို့၊ Denko ဆီဆိုင်အနီး၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၉၉,၆၀၅)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Nissan Diesel Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ထုံးဘို(၇)မိုင် ကတ္တားဂိတ်အနီး၌ မော်တော်ယာဉ် (၂)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက် အထား တင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၄၀၂,၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာ သည့် စက်မှုဇုန်ထုတ် Win Myanmar Pickup (၁)စီး၊ Toyota Dyna Light Truck (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ကျောက်ဆည်မြို့ရှောင်လမ်း၌ လုပ်ငန်းသုံးပစ္စည်း (၁၉)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၈,၀၉၃,၇၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Shiegx Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၉၄,၈၃၅,၈၀၅)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဧပြီ ၂၂ ရက်တွင် လပွတ္တာ မြို့နယ်၊ မင်းကုန်းကျေးရွာ၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀,၀၀၀)ကို ပို့ကုန် သွင်းကုန်ဥပဒေအရလည်းကောင်း၊ ဧပြီ ၂၃ ရက်တွင် မြန်အောင်ခရိုင်၊ ကျုံပျော်ခရိုင်နှင့် ပုသိမ်ခရိုင် တို့အတွင်း၌ တရားမဝင် ကျွန်းသစ် (၁.၆၉၆)တန်၊ အခြားသစ် (၇.၁၀၀)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၉၂၆,၄၇၁)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၂၂၆,၄၇၁)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ဆက်လက်၍ ဧပြီလ ၂၃ ရက်တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်လမြိုင်ခရိုင်၊ ရေးခရိုင်နှင့် ကျိုက်ထိုခရိုင်တို့အတွင်း၌ တရားမဝင် အခြားသစ် (၇.၅၄၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၉,၈၂၉)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်းထက်မင်းဆိပ်ကမ်း၌ ကော့သောင်း မြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသော ရေယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေ ကျပ်၇၀,၇၇၆,၅၀၅)နှင့် အဆိုပါပစ္စည်း များ တင်ဆောင်လာသည့် MV. MCL-7 ရေယာဉ်(၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀,၀၀၀) ကို အကောက်ခွန် လုပ်ထုံးလုပ်နည်း များအရလည်းကောင်း၊ တိုက်ကြီးမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့၌ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၃၈၆)တန်)၊ အခြားသစ် (၃ ဒသမ ၇၁၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၅,၀၇၂)နှင့် အဆိုပါသစ်များ တင်ဆောင်ထားသည့် Toyota Probox မော်တော်ယာဉ်(၁)စီး (ခန့်မှန်း တန်ဖိုး ငွေကျပ် ၂၅,၀၀၀,၀၀၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၉၆,၄၆၁,၅၇၇)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိပါသည်။
ဧပြီ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၉၃,၈၀၈,၀၁၅) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် တင်သွင်းလာမှု များကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် ထိခိုက်နစ်နာမှုနှင့် စျေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းအား ကျဆင်းခြင်းတို့ ဖြစ်ပေါ်စေပြီး နိုင်ငံတော်အတွက် အခွန်ဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်စေပါသည်။ သို့ဖြစ်ပါ၍ ဆိပ်ကမ်းများနှင့် နယ်စပ်ဒေသများမှ တရားမဝင် ကုန်စည်တင်သွင်းမှု များအား သက်ဆိုင်ရာတာဝန်ရှိသူ များမှ ယခုထက်ပိုမိုတားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
(သတင်းစဉ်)